ကချင်ပြည် ဗန်းမော်မြို့ ကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ပူးပေါင်းတပ်များ ထိန်းချုပ်ထားပြီဖြစ်ပြီး စစ်ကောင်စီတပ်က အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ) တပ်တွင်းမှ စုပြုံ ခုခံနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇန်နဝါရီလ ၇ ရက်) တွင် ပြောသည်။ ယမန်နေ့ (ဇန်နဝါရီ ၆)ရက်တွင် ဗန်းမော်မြို့တွင်းနှင့် စစ်ကောင်စီတပ်များ အနီး တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းမှ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည့်ကြားမှ မြို့ကို ထိန်းချုပ်နိုင်ခဲ့ရာ ယနေ့ (ဇန်နဝါရီ ၇)ရက် နံနက်ပိုင်းတွင် မြို့ပေါ် တိုက်ပွဲ နည်းပါးသည်ဟု ၎င်းကဆိုသည်။ “သူတို့ (စစ်ကောင်စီတပ်) ခလရ (၄၇) တပ်ကနေပြီး စကခ (၂၁) ဘက် သွားပေါင်းတယ်။ […]
ကချင်ပြည်နယ် တောင်ပိုင်း တရုတ်−မြန်မာနယ်စပ်အနီးရှိ ဗန်းမော်မြို့အခြေစိုက် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပါဝင်သည့် ပူးပေါင်းတပ်က ယနေ့ (ဇန်နဝါရီ ၆) တွင် မြို့တွင်း ရပ်ကွက်တချို့ကို ထိန်းချုပ်လိုက်သည်ဟု သိရသည်။ ဒီဇင်ဘာ ၄ ရက်နေ့တွင် မြို့တွင်းသို့ ပူးပေါင်းတပ် ဝင်ရောက်နိုင်ခဲ့ပြီးနောက် တစ်လကျော်ကြာချိန်တွင် ထိုအခြေအနေသို့ ရောက်သွားခြင်း ဖြစ်သည်ဟု သိရသည်။ မြို့အတွင်း ရုံးများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်သို့ သွားရောက်ပူးပေါင်းနေကြသည်ဟု သတင်းရကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “ကာကင်းစခန်း တော်တော်များများကိုတော့ သိမ်းပြီးမှ ရှင်းလိုက်ရတာရှိပါတယ်။ နောက် မြို့တွင်းမှာလည်းပဲ တချို့ရပ်ကွက်တွေမှာကတော့ KIA တပ်ပေါင်းစုတွေ နေရာယူထားတာကို ကြားသိရပါတယ်။ ရဲစခန်းတွေ၊ […]
ချင်းပြည်နယ် မင်းတပ်နှင့် ကန်ပက်လက်မြို့တို့ကို ဒီဇင်ဘာ ၂၂ ရက်တွင် ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်သည်ဟု ချင်းတော်လှန်ရေးအဖွဲ့များထံက သိရသည်။ နိုဝင်ဘာ ၉ ရက်နေ့ကတည်းက မင်းတပ်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့ရာ နောက်ဆုံး လက်ကျန် အမှတ် (၂၇၄) ခြေလျင်တပ်ရင်းဌာနချုပ်ကို ဒီဇင်ဘာ ၂၁ ရက်နေ့တွင် အပြီးသတ်တိုက်ခိုက်ခိုက်နိုင်ခဲ့သဖြင့် မင်းတပ်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ဒီဇင်ဘာ ၂၂ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။ တပြိုင်တည်းမှာပင် တော်လှန်ရေး အင်အားစု ထိုးစစ်ဆင်နေသော ချင်းမြောက်ပိုင်း ဖလမ်းမြို့ကိုလည်း နေရာအများစု ထိန်းချုပ်နိုင်ပြီဟု သိရသည်။ နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကိုလည်း မင်းတပ်မြို့ သိမ်းတိုက်ပွဲအတွင်း ကယ်ထုတ်နိုင်ခဲ့သည်ဟု ဆိုသည်။ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ခလရ (၂၇၄) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် […]
ချင်းပြည်နယ် ကန်ပက်လက်မြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဒီဇင်ဘာလ ၂၁ ရက် ညက ထွက်ပြေးသွား၍ ချင်းညီနောင်တပ်ဖွဲ့များမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့ကစ၍ မြို့အား ထိန်းချုပ်သိမ်းပိုက်ထားကြောင်း သိရသည်။ ကန်ပက်လက်မြို့ကို ဝင်သိမ်းရန် ပြင်ဆင်နေချိန်မှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ပြေးသွားကြောင်းနှင့် ၎င်းတို့ကို လိုက်လံရှာဖွေရှင်းလင်းနေကြောင်း ချင်းညီနောင်တာဝန်ရှိသူက ပြောဆိုထားသည်။ ကန်ပက်လက်မြို့ကို ထိန်းချုပ်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီဖမ်းထားသော နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ကန်ပက်လက်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်လင်းက ပြောသည်။ “၂ ဦးကတော့ တော်လှန်ရေးနဲ့ပတ်သက်တာတွေ လုပ်တဲ့အတွက်ကြောင့်။ ၁ ဦးကတော့ လမ်းမှာ စစ်ကြောင်းနဲ့တိုးလို့ အဖမ်းခံရတာ။ အဖမ်းခံရပြီး နှိပ်စက်တာတွေ။ လက်သည်းအခွံခွာ သံကို မီးပူ တိုက်ပြီးတော့မှ နှိပ်စက်တာတွေရှိတယ်။ နောက်တစ်ဦးကတော့ တော်လှန်ရေးမှာပါပြီးတော့ အိမ်မှာနေတဲ့အချိန် သတင်းပေး […]
ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIO/KIA) ဉက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ကချင်ပြည်နယ်ရှိ KIA ထိန်းချုပ်ထားနိုင်သည့် တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်နေသော်လည်း ဖြတ်သန်းခွင့်မရသေးကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၁၃ ရက်) နံနက်ပိုင်းမှ စတင်ပြီး ကချင်လွတ်လပ်ရေးတပ် KIA ထိန်းချုပ်ထားနိုင်သည့် မြန်မာ-တရုတ် နယ်စပ်တလျှောက် ဂိတ်များအားလုံးတွင် အတားအဆီးများ ဖယ်ရှားပြီး နှစ်ဘက်စလုံးမှ ပြန်လည်ဖွင့်လှစ်ထားသော်လည်း ယာဉ်နှင့် ကုန်ပစ္စည်းများအပြင် လူဖြတ်သန်းခွင့် မရသေးကြောင်း သိရသည်။ “ဖွင့်တာကတော့ ပြောပါတယ်၊ တံခါးတွေဖွင့်တာ ဂိတ်ဝတွေ ဖွင့်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် လူတွေဝင်ထွက်လို့တော့ မရဘူး၊ ကားတွေလည်း ပေးမဝင်ဘူး ပေးမထွက်ဘူး။ လူလည်း ပေးမဝင်ဘူး ပေးမထွက်ဘူး ဖြစ်နေတာ၊ ပစ္စည်းတွေလည်း ဝင်ထွက်လို့ မရဘူး အဲ့လိုအခြေအနေ […]
မြန်မာ-တရုတ်နယ်စပ် ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်တို့က မြို့၏ ဧရိယာအများစုကို ထိန်းချုပ်ထားပြီး မြို့တွင်း၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။ သီတင်းတစ်ပတ်ကျော်ကြာမြင့်လာသည့် တိုက်ပွဲအတွင်း မြို့၏ ၇၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီးဖြစ်ကြောင်း ဒေသခံတချို့က ပြောသည်။ ဗန်းမော်မြို့သည် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ- ၂၁) အခြေစိုက်ရာမြို့ဖြစ်ပြီး ခြေလျင်တပ်ရင်းများဖြစ်သော ခလရ၂၃၆၊ ၄၇ နှင့် အမြောက်တပ်များဖြစ်သည့် အမတ (၃၃၆) ၊ (၃၀၄) နှင့် အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ အမှတ် (၅၀၁၄) တင့်ကားတပ်နှင့် လက်ရုံးတပ်ရင်း ၅ ရင်း ခန့် အခြေစိုက်ထားသည့် တပ်မြို့ဖြစ်သည်။ စကခ-၂၁ နှင့် ခလရ၂၃၆ […]
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်က စစ်ကောင်စီရဲ့ နောက်ဆုံးစခန်းတခုကို အာရက္ခ တပ်တော် (AA) အဖွဲ့က ထိန်းချုပ်လိုက်ပြီး စစ်ဘက်ဆိုင်ရာ အရာရှိတချို့ကို ဖမ်းဆီးရမိထားတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Source link
ယခုလ ပထမပတ် ရခိုင်ပြည်နယ် တိုက်ပွဲများတွင် အာရက္ခတပ်တော် (AA) က စစ်စခန်းအများအပြား ထပ်မံရရှိလိုက်ပြီး ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ရှိ နခခ-၅ ခေါ် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းကို သိမ်းနိုင်ခဲ့သဖြင့် ၁၆၈ မိုင် ရှည်လျားသော မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်ကိုပါ ထိန်းချုပ်လိုက်ပြီဖြစ်သည်။AA သည် မောင်တောဒေသကို ၁၁ လကြာ ထိုးစစ်ဆင်စဉ် ထိုစခန်းတစ်ခုတည်းကို ၂ လကြာ ပိတ်ဆို့ တိုက်ခိုက်ခဲ့ရပြီး ဒီဇင်ဘာ ၈ ရက်နေ့ နံနက်တွင် သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု AA ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီတပ်သည် ထိုဒေသ၏ နောက်ဆုံးစခန်းအတွက် လိုအပ်သည့် လက်နက်ခဲယမ်းများနှင့် စားနပ်ရိက္ခာတို့ကို လေထီးဖြင့် ချပေးခဲ့ရသည်ဟု သိရသည်။ မောင်တောမြို့အရှေ့ဘက် မိုင်ဝက်ခန့်အကွာရှိ နခခ-၅ […]
သျှမ်းပြည် နမ့်ခမ်းမြို့ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် ရဲစခန်းရှေ့တွင် ပိုင်ရှင်မဲ့အလောင်းတစ်ခု တွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁ ရက်) နေ့လယ် ၂ နာရီခန့်တွင် TNLA တပ်ဖွဲ့ ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ ရဲစခန်းရှေ့တွင် အသက် (၅၀) ကျော်အရွယ် အမည်မသိ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး မြို့ပေါ်ရှိ ပရဟိတအဖွဲ့မှ သယ်ဆောင်ကာ သုဿာန်တွင် မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။ “အပြင်မှာတော့ ဘယ်သူမှ မသိလိုက်ဘူး။ ဘာကြောင့် သေတယ်၊ ဘယ်ဇာတိလည်း ဆိုတာ မသိလိုက်ရဘူး။ ပရဟိတအဖွဲ့ကပဲ သယ်သွားပေးတာဆိုတော့ ရပ်ကွက်ထဲ မသိလိုက်ဘူး။ ပုံမှန်ဆိုရင် ရဲစခန်းထဲ လူနေတာလည်း မရှိတော့ တိုက်ပွဲတွေ ဖြစ်ပြီး အဲ့ဘက်အသွားအလာ […]
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားသည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်ဘက်မှ ကုန်ပစ္စည်းတင်သွင်းရန် ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်)မှ စတင်၍ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားပြီး တစ်နှစ်ကျော် ပိတ်ထားခဲ့သည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်များဘက်မှ ကုန်ပစ္စည်းတင်သွင်းရန်နှင့် ကြံတင်ပို့နိုင်ရန် ပြန်လည်ဖွင့်လှစ်ပေးလိုက်ကြောင်း မူဆယ်ဒေသခံ ကုန်သည်များက ပြောသည်။ “ကုန်တွေက တရုတ်ဘက်ကိုပဲ သယ်လို့ရတာ၊ မြန်မာဘက်ကို အဝင်မရှိဘူး။ ကျင်ဆန်ကျော့ တရုတ်ကို ပို့တာ ပြောင်းဖူး ရှိမယ်၊ နောက်ရက်က စပြီး ကြံပို့လို့ရမယ်လို့ ပြောတယ်။ မနှစ်က တိုက်ပွဲ စဖြစ်ကတည်းက ကြံတွေ၊ ပြောင်းတွေက ဘယ်မှ ပို့မရခဲ့ဘူး။ အခု MNDAA ထိန်းထားတယ် ဒီမှာ”ဟု […]