ylliX - Online Advertising Network

ထမင်းမြိန်တဲ့ တစောင်းခါး ကျန်းမာစေသလား !

တစောင်းခါးကို အညာစာ ကြိုက်သူတော်တော်များများကတော့ သိထားပြီး ဖြစ်မှာပါ။ အရသာက ခါးသက်သက်ဆိုပေမယ့် တော်တော်လေး ထမင်းမြိန်စေတဲ့ အစားအစာ တစ်မျိုးပါ။ တစောင်းခါးကို ထုပြီး ဆားနဲ့နယ် ခဏနှပ်ထားပြီး ရေစင်အောင်ဆေးလို ပုစွန်ခြောက် ငါးနီတူ စတာတွေနဲ့ ကြက်သွန်အဖြူအနီ ဆီသတ်ပြီး ကြော်ထားတဲ့ တစောင်းခါးကြော်လေးက တော်တော်လေး စားလို့ ကောင်းပါတယ်။ ဒီတစ်ခေါက်တော့ ထမင်းမြိန်စေတဲ့ တစောင်းခါးက ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးသလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစောင်းခါး ဆိုတာ ဘာများလဲ! တစောင်းခါး ဆိုတာက အပူပိုင်းဒေသမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ အရွက်လေးတွေက ရှားစောင်းလက်ပပ်ပင်လိုပဲ အထဲမှာ အနှစ်သားလေးတွေပါတဲ့ အစိမ်းရောင် ရှည်ရှည် အတောင့်လေးတွေပါ။ ဘေးအနားသတ်လေးတွေမှာ ဆူးလေးတွေပါတတ်ပါတယ်။ မြေမှာကပ်ပေါက်တတ်တဲ့ အပင်ငယ် တစ်မျိုးပါ။ အရသာက ဖန်ခါးခါးလေးပါ။ […]