(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၂၄ နယူးယောက်တိုင်းစ်သတင်းစာ၊ ဒီဇင်ဘာ ၁၈၊ သောမတ်စ်ဖရစ်မင်း၏ ဆောင်းပါးကို မှီးပါတယ် တရုတ်ပြည်ဟာ အခုအချိန်အနည်းငယ်အတွင်း နည်းပညာမှာ မဟာခုန်လွှားမှုနဲ့ တိုးတက်သွားပြီလို့ ဆိုကြပါတယ်။ တရုတ်တွေက ထရန့်ကို အမည်ပြောင်ပေးထားတယ်။ တရုတ်ပြည်ကို ထူထောင်ပေးသူကြီး တဲ့။ (Chuan Jianguo). ထရန့် ၂၀၁၆ လက်ထက်ကတည်းက ကုန်သွယ်ရေးစစ်ပွဲစပြီးနောက် တရုတ်ဟာ ကမ္ဘာမှာ လျပ်စစ်ကား၊ စက်ရုပ်၊ ရှားပါးသတ္တုတွေ ထုတ်လုပ်ရာမှာ အမေရိကန်ကို မှီခိုစရာမလိုတဲ့ ဆူပါဝါဝါနိုင်ငံ ဖြစ်လာပါတယ်။ သို့သော် တရုတ်ဟာ ထုတ်လုပ်ရေးမှာ စွမ်းအားကြီးသော်လည်း စားသုံးသူကဏ္ဍမှာတော့ အားနည်းနေတုန်းပဲလို့ ဆိုပါတယ်။ ဥပမာတခုက လူဗလကြီးဟာ အပေါ်ကြီးပြီး အောက်က ခြေထောက်လေးတွေက ကြက်ခြေထောက်လို သေးနေတယ်တဲ့။ တရုတ်က ကုန်ပစ္စည်းတွေ တင်ပို့သူ […]
(မိုးမခ) ဒီဇင်ဘာ ၁၈၊ ၂၀၂၄ ဒေါ်နယ်ထရန့် ဒုတိယအကြိမ် မင်းပြန်ဖြစ်ခွင့်ရတော့ အမေရိကန်ပြည်ကြီးဟာ ပယောဂမှန်ရင် တုန်ဆင်းလာစေရမယ် ဆိုသလို အားလုံး တုန်ဆင်းကုန်ုကြတာပဲ လို့ ပြောရမယ်။ ဘိုင်ဒင်က သူ့သားကို ကွန်ကရက်နဲ့ တရားရေးဌာနက ပြစ်ဒဏ် မဆုံးဖြတ်ခင်မှာ သမ္မတ အာဏာသုံးပြီး လွတ်ငြိမ်းချမ်းသာပေးလိုက်တယ်။ ထရန့် ကတောင် မှ သူသမ္မတဖြစ် ဖြစ်ချင်း ပထမနေ့မှာ ၂၀၂၁ ဇန်နဝါရီ ၆ သူ့အတွက် လွှတ်တော်ဝင်စီးပေးသူတွေကို အကုန် အပြစ်လွှတ်ပေးမယ် ပြောထားတာတောင် ဖြစ်မလာသေးဘူး၊ ဘိုင်ဒင်တို့ တုန်ဆင်းနေပြီလို့ သတင်းတွေက ဝေဖန်ကြပါတယ်။ ထရန့်ကိုယ်တိုင်က အာဏာရှင်လို သူ ထင်ရာစိုင်းမယ် ဘယ်လိုပြောပြော အမေရိကန် ဒီမိုကရေစီစနစ်ကို ယုံကြည်တယ်ဆိုရင် ဘိုင်ဒင်ကြီး တရားနည်းလမ်းကျ ရင်ဆိုင်ရမှာပေါ့။ စနစ်ကို […]
နိုင်ငံတကာသာဂိ – ဘိုင်ဒင်လည်း ထရန့်ကို ကြောက်ရသတဲ့လား (မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၂၄ ဒီဇင်ဘာ ၂ ရက် သတင်းထူးကတော့ လက်ရှိ အမေရိကန်သမ္မတ ဘိုင်ဒင်က သူ့သား ဟန်တာဘိုင်ဒင်ကို ကြိုတင်ပြီး လွတ်ငြိမ်းချမ်းသာပေးတဲ့ သတင်းပါ။ ဟန်တာဘိုင်ဒင်ကို လွှတ်တော်ကနေ မူးယစ်ဆေးဝါးမှု၊ လက်နက်မှု၊ အခွန်ရှောင်မှုတွေနဲ့ အရေးယူခဲ့ပြီး ဒီလထဲမှာ ပြစ်ဒဏ်ချမှတ်ဖို့ ရှိပါတယ်။ အစကတော့ အဖေကြီးဘိုင်ဒင်က ဥပဒေအထက်မှာ ဘယ်သူမှ မရှိဘူး၊ သူ့သားကို ဥပဒေကြောင်းအရ စီရင်တာ သမ္မတအာဏာသုံး မစွက်ဖက်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါက သူ့သမ္မတပြန်ရွေးမယ်ဆိုတဲ့ ကင်ပိန်းချိန်တုန်းကပါ။ အခုတော့ သမ္မတလည်း ဝင်အရွေးမခံ၊ ဒီမိုကရက်တွေလည်း ရွေးကောက်ပွဲ ရှုံးပြီးနောက် ဘိုင်ဒင်လည်း စိတ်ပြောင်းသွားပါတယ်။ သူ့သားကို သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာ […]
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၂၄ ၂၀၂၄ အမေရိကန်အထွေထွေ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီခေါင်းဆောင် ထရန့်နဲ့ ပါတီဝင်အမတ်တွေ အများအပြားက အာဏာလက်ရှိ ဒီမိုကရက်ပါတီကို အနိုင်ရသွားပါတယ်။ သည်အတွက် ခုချိန်ထိ တတ်သိပညာရှင်တွေ မီဒီယာသမားတွေက ပြောမဆုံးပေါင် တောသုံးထောင် ဖြစ်နေတုန်းပဲ။ သာဂိလည်း ခုထိ ရေးစရာတွေ အများကြီးပဲ။ ပတ်ဝန်းကျင်မှာ ပြောကြ ဆိုကြ မှတ်ချက်တွေ ပေးကြနဲ့။ ပထမ ပြောစရာကတော့ ဒီမိုတွေ ရှုံးတာပေါ့၊ အခြေခံလူတန်းစား၏ လက်တွေ့ခံစားချက်ကို ကိုယ်ချင်းမှ မစာတာကိုး ဆိုတာပါ။ သူတို့က ကုန်ဈေးနှုန်းတွေ တက်နေတာနဲ့ တိုင်းပြည်ထဲ အထောက်အထားမဲ့ ဝင်ရောက်လာတဲ့ တပြည်သားတွေအတွက် အခြေခံလူအများစုက စိုးရိမ်ပူပန်နေကြတာပါ။ နောက်တချက်က ပြည်တွင်းရေးမှာ အခုလို ပူပန်မှုတွေ ရှိနေတဲ့ကြားက အခြားတိုင်းပြည်တွေအတွက် (ယူကရိန်း၊ […]
(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၅ အမေရိကန် ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၅ ရက် နီးလာတာနဲ့အမျှ အမေရိကန်တပြည်လုံးသာမက တကမ္ဘာလုံး စိတ်နှလုံးတင်းကျပ်ဖိစီးမှုတွေ ဖြစ်နေကြတယ်။ ဖက်ဆစ်ခေါင်းဆောင်လောင်း ထရန့်ပဲ နိုင်မလား၊ ဒီမိုကရေစီကို ထိန်းသိမ်းမယ့် ဟဲရစ်ပဲ အနိုင်ရမလား – လူတွေက စိတ်လှုပ်ရှား ဝေခွဲမရ ဖြစ်ကြပါတယ်။ ဖြစ်ဆို – ထရန့်နဲ့ အပေါင်းအပါတွေက ရန်လိုတဲ့ စကားတွေ အစွန်းရောက်အတွေးအခေါ်တွေနဲ့ မဲဆွယ်စည်းရုံးမှုတွေ တိုးလုပ်လာတဲ့အပြင် သူ့နောက်လိုက်တွေကလည်း အစွယ်တွေ အဖွေးသား၊ ရန်စွယ်နဲ့ ငေါငေါ အူကြ ဟောင်ကြ ဟိန်းကြနဲ့မို့ အမေရိကန်ပြည်ကို ခွေးဝင်ဆွဲနေသလား မှတ်နေရပါတယ်။ ဒီမိုကရက်ပါတီနဲ့ ဟဲရစ်တို့ကတော့ ဒီမိုကရေစီစနစ် အဓွန့်ရှည် ရှင်သန်ဖို့ တိုင်းပြည်ကြီး ချောက်ထဲ မရောက်ဖို့အတွက် […]