ဟွမ်ရှောက်မင် (Huang Xiaoming) သည် တရုတ်ပြည်၏ သရုပ်ဆောင်ကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသားများတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ ၂၀၀၁ ခုနှစ်က ထုတ်လွှင့်ပြသခဲ့သော The Prince of Han Dynasty တွင် ဧကရာဇ် ဝူ အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာမှ စတင်လူသိများခဲ့ပြီး ၂၀၀၆ ခုနှစ်က ပြသခဲ့သော သိမ်းငှက်သူရဲကောင်း အတွဲ ၂ (The Return of the Condor Heroes)တွင် ရန်ကော်အဖြစ် လုယိဖေးနှင့် ခေါင်းဆောင်မင်းသားအဖြစ် တွဲဖက် သရုပ်ဆောင်ကာ လျှမ်းလျှမ်းတောက် ကျော်ကြားခဲ့သည်။ ဟွမ်ရှောက်မင်သည် ရုပ်ရှင်မင်းသမီး Angelababy နှင့် ကွာရှင်းပြီး ၎င်းအောက် ၁၅ နှစ်ငယ်သော မိန်းကလေး Ye ke နှင့် တွဲခဲ့မှုအပေါ် […]
နယူးယောက်မြို့တွင် တရုတ်ပြည်မှ လုပ်ငန်းရှင်တစ်ဦးက နံရံတွင် တိပ်ဖြင့်ကပ်ထားသော ငှက်ပျောသီးတစ်လုံး (အနုပညာပုံဖော်မှုဟုဆိုသည်) ကို ဒေါ်လာ ၆ ဒသမ ၂ သန်းဖြင့် လေလံဆွဲ ဝယ်ယူခဲ့၏။ ငှက်ပျောသီးတစ်လုံးကို ဒေါ်လာ ၆ သန်းကျော်ပေးကာ ဝယ်ယူပြီး စားပြလိုက်သော လုပ်ငန်းရှင်၏ အမည်မှာ ဂျပ်စတင် ဆွန်း ဖြစ်သည်။ ငှက်ပျောသီးကို တိပ်ဖြင့် နံရံတွင်ကပ်ထားကာ အနုပညာပုံဖော်မှုပြုလုပ် လေလံတင်ခဲ့သည့်နေရာမှာ နယူးယောက်ရှိ Sotheby’s ၏ ရုံးတွင် ဖြစ်ပြီး ငှက်ပျောသီးရောင်းချပေးလိုက်သည်မှာ ရုံးနှင့် မျက်နှာချင်းဆိုင်တွင်ရှိသော လမ်းဘေးသစ်သီးဆိုင်မှ ဖြစ်ကာ တစ်လုံးလျှင် ၂၅ ပြား (25 Cents) ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ သစ်သီးဆိုင်ဝန်ထမ်းအဘိုးအိုမှာ သူ၏ဆိုင်မှ ၂၅ ပြားဖြင့် ဝယ်သွားသော ငှက်ပျောသီးမှာ […]
ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို စစ်တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူ ပြင်းထန် ဒဏ်ရာရ ရန်ကုန်၊ ဒီဇင်ဘာ ၂ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ရင်းရွာကို အကြမ်းဖက်စစ် တပ်နှင့် လက်အောက်ခံ PNO အဖွဲ့က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် မိခင်ဖြစ်သူတို့ သေဆုံးပြီး ဖခင်ဖြစ်သူတို့ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း PNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ခွန်ရိန်းယံက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂ […]