အခြေခံလူတန်းစားနဲ့ လူလတ်တန်းစားတွေအဓိကသုံးစွဲတဲ့ ရန်ကုန်မြို့က စားအုန်းဆီဈေးကွက်အတွင်း ဈေးနှုန်းတွေ ဆက်တိုက်မြင့်တက်လာနေတယ်လို့ ရောင်းချသူတွေနဲ့ စားသုံးသူတွေဆီက သိရပါတယ်။ မူရင်းဈေးဖြစ်တဲ့ စစ်ကောင်စီဩဇာခံ မြန်မာနိုင်ငံ ဆီကုန်သည်များအသင်းရဲ့ ရည်ညွှန်းဈေးတွေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက တောက်လျှောက်မြင့်တက်လာတာကြောင့် သမစနစ်လို စာအုပ်နဲ့ထုတ်ယူရတဲ့ဈေးနဲ့ ပြင်ပမှောင်ခိုဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ “ဈေးက ရှေ့တစ်ပတ်သွားထုတ်တုန်းကတော့ ၈၀၀၀၊ အခုအခေါက်က ၈၅၀၀၊ ၉၀၀၀ လောက်ဖြစ်နေပြီ။ အပြင်ဈေးကတော့ ကျွန်မတို့ဘက်မှာ တစ်ဆယ်သား ၁၄၀၀၊ ၁၅၀၀ လောက်ရှိတယ်။ တစ်နေ့နဲ့ တစ်နေ့တောင်ဈေးက မတူဘူး” လို့ လှိုင်မြို့နယ် ၁၅ ရပ်ကွက်က စာအုပ်နဲ့ဆီဝယ်ယူစားသုံးနေရသူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီထုတ်ပေးတဲ့ စာအုပ်နဲ့ ၁၀ ရက်တစ်ခါထုတ်ရပေမဲ့ တစ်ခါတစ်ရံ ၁၅ ရက်တစ်ခါထုတ်ရတာမျိုးလည်းရှိတယ်လို့ […]
ထိုင်းနှင့် တရုတ် နယ်စပ် တကြော မြန်မာနိုင်ငံဘက်ခြမ်းရှိ မြို့များတွင် ဖွင့်လှစ်ထားသော ကေတီဗွီ (KTV )များ ၌ မူးယစ်ဆေးဝါး ရောင်းချမှု ပိုမိုမြင့်တက်သည်ဟု စုံစမ်းသိရသည်။ မြန်မာသျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်၊ မိုင်းဆတ်၊ ကျိုင်းတုံ၊နားကောင်းမူးမြို့များတွင် စစ်အာဏာသိမ်းပြီးနောက် KTV ဖွင့်လှစ်မှုများပြားပြီး ထိုထဲတွင် မူးယစ်ဆေးဝါးများ ထည့်သွင်း ရောင်းချလာကြောင်း တာချီလိတ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူစစ် ပူပေါင်းပြီး KTV တွင် မူးယစ်ဆေးကို စိတ်တိုင်းကျ ရောင်းချခွင့်ရနေပြီး၊ ၎င်းနေရာတွင် စိတ်ကြွဆေးဝါးများကို အလွယ်တကူသုံးစွဲနိုင်ကြသည်ဟု ၎င်းက ဆက်ပြောသည်။ ထို KTV ထဲတွင် Ketamine Hydrochloride (K) မူးယစ်ဆေးဝါးသည် အဖြူရောင်အမှုန့် ဖြစ်ပြီး နှာခေါင်းရှူရှိုက်ရသည့် စိတ်ကြွမူးယစ်ဆေးတစ်မျိုး၊ […]
ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ၏ မှတ်ပုံတင်ထားသော အရပ်ဘက်သုံး မောင်းသူမဲ့လေယာဉ် (UAVs) အရေအတွက်မှာ ၁.၇ သန်းအထိ မြင့်တက်လာခဲ့ကြောင်း Low-Altitude Industry Alliance (LAIA) က ဒီဇင်ဘာ ၃၀ ရက်တွင် ကျင်းပသော နှစ်ပတ်လည်လုပ်ငန်းကွန်ဖရင့်၌ ပြောကြားခဲ့သည်။ အဆိုပါ ဒရုန်းများသည် ၂၀၂၄ ခုနှစ် ပထမ ၈ လတာကာလအတွင်း နာရီပေါင်း ၁၉.၄၆ သန်းကျော် ပျံသန်းခဲ့ကြပြီး ယမန်နှစ် ကာလတူထက် ၁၅.၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တရုတ်နိုင်ငံ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ကြီးကြပ်မှုအောက်ရှိ အကျိုးအမြတ်မယူသောအဖွဲ့အစည်း LAIA ထံမှ သိရသည်။ (Xinhua)သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/Z5v……………………………………..(English Version)China’s registered civil […]