ylliX - Online Advertising Network

မြန်မာနိုင်ငံရှိ အဓိကတယ်လီကွန်းလိမ်လည်မှုဂိုဏ်းကိုတရုတ်ကတရားစွဲဆို

ဟန်ကျိုး၊ဒီဇင်ဘာ ၃၀ မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တယ်လီကွန်းလိမ်လည်မှုဂိုဏ်းအဖွဲ့ဝင် ၃၉ ဦးကို တရုတ်ပြည်သူများကို ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားကာလိမ်လည်မှု၊တယ်လီကွန်းလိမ်လည်မှုများဖြင့် တရုတ်နိုင်ငံက ယနေ့တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်းသိရသည်။ တရားစွဲဆိုခံရသူများထဲတွင် မောင်မြင်ရှောင့်ဖျင်နှင့်မသီရိမောင်တို့အပါအဝင် သံသယရှိသူများအား လိမ်လည်မှု၊ရည်ရွယ်ချက်ရှိရှိလူသတ်မှု၊ရည်ရွယ်ချက်ရှိရှိထိခိုက်ဒဏ်ရာရစေမှု၊ လူများကို တရားမဝင်ဖမ်းဆီးထိန်းသိမ်းထားမှု၊ကာစီနိုဖွင့်မှု၊မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် ပြည့်တန်ဆာလုပ်ငန်းအတွက် ဖျားယောင်းသွေးဆောင်မှုများဖြင့်စွဲချက်တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယခုအမှုကို တရုတ်နိုင်ငံအရှေ့ပိုင်း ရှီကျန်ပြည်နယ်ရှိ ကမ်းရိုးတန်းမြို့ဖြစ်သည့် ဝမ်ကျိုးမြို့ရှိဒေသဆိုင်ရာတရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတရားခံများထဲတွင် မြန်မာနိုင်ငံသား ၁၆ ဦးလည်းပါဝင်သည်ဟုသိရသည်။ ထို့အပြင် ရာဇဝတ်ဂိုဏ်းများနှင့်ဆက်စပ်နေသည့် အခြား ထောင်ချီသောသံသယရှိများကိုလည်း ဝမ်ကျိုးအပါအဝင် တရုတ်နိုင်ငံတစ်ဝန်းရှိ အခြားနေရာများတွင် စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်းသိရသည်။ ယင်းသို့စုံစမ်းစစ်ဆေးမှုများအရ ၎င်းတို့နှင့်ဆက်စပ်နေသည့် တယ်လီကွန်းလိမ်လည်မှုပေါင်း ၁၀,၀၀၀ ကျော် ကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါလိမ်လည်မှုများသည် ယွမ်ငွေ ဘီလျံချီ၍တန်ဖိုးရှိပြီး အချို့သောတရုတ်နိုင်ငံသားများမှာ အသက်ဆုံးရှုံးသည်အထိပင်ဖြစ်ခဲ့ကြရသည်ဟုလည်းသိရသည်။ Source : ရှင်းဟွာ Source link

ရေရှားပါးမှု ကင်းဝေးသဖြင့် မြန်မာနိုင်ငံရှိ ကျေးလက်နေပြည်သူများ ပိုမိုကောင်းမွန်သော လူနေမှုဘဝကို ရရှိလာ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် အောင်သာကျေးရွာမှ အသက် ၃၆ နှစ်အရွယ် တောင်သူတစ်ဦးဖြစ်သူ ကိုနိုင်ဝင်းစိုးမှာ ၎င်း၏မိသားစုအတွက် နေ့စဥ် ၆ ကြိမ် ၇ ကြိမ်ခန့် ခေါက်တုံ့ခေါက်ပြန် ရေသယ်စရာ မလိုတော့ပေ။ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ အထောက်အပံ့ဖြင့် ဖော်ဆောင်လျက်ရှိသည့် ကျေးလက်ဒေသ ရေပေးဝေရေး စီမံကိန်းကြောင့် ကိုနိုင်ဝင်းစိုးမှာ ယခုဆိုလျှင် ၎င်း၏ခြံထဲရှိ ရေတိုင်ကီမှ သန့်ရှင်းသောရေများကို အလွယ်တကူ ရရှိနေပြီဖြစ်သည်။ ထိုစီမံကိန်းက နေ့စဥ် မီတာ ၄၀၀ အကွာအဝေးအထိ ရေသယ်ယူရသော ၎င်း၏ဝန်ထုပ်ဝန်ပိုးကို လျော့ပါးသက်သာစေသည်။ “အရင်ကဆိုရင် ကျွန်တော်တို့ ရေခပ်ရတဲ့နေရာက တော်တော့်ကိုဝေးတယ်ဗျ။ အထူးသဖြင့် နွေရာသီရောက်ပြီဆိုရင် ရေရှားပါးတာက ပြဿနာကြီးတစ်ခုဖြစ်သလို […]

မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် သီရိလင်္ကာနိုင်ငံသား ၂၇ ဦးကို ပြန်လည်ကယ်ထုတ်

မြန်မာနိုင်ငံရှိ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများလက်ထဲတွင် ပိတ်မိနေသည့် သီရိလင်္ကာနိုင်ငံသား ၂၇ ဦးကို ပြန်လည်ကယ်ထုတ် – Myanmar Transparency News Source link

မြန်မာနိုင်ငံရှိ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအား ပိုမိုကူညီထောက်ပံ့နိုင်ရန်အတွက် Rakuten Viber နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) တို့ ပူးပေါင်းဆောင်ရွက်

ပူးပေါင်းဆောင်ရွက်မှု လက်မှတ်ရေးထိုးပွဲအခမ်းအနားအား MYANWEN ၏ ဥက္ကဌနှင့် အဖွဲ့ဝင်များအပြင် MYANWEN ကွန်ယက်အတွင်းရှိ ကဏ္ဍအသီးသီးမှ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၅၀ ကျော်တက်ရောက် ခဲ့ကြပြီး Rakuten Viber ၏ Business Development Manager ကိုရဲထွန်းနိုင်နှင့် MYANWEN ၏ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အေးအေးမာတို့မှ သဘောတူလက်မှတ်ရေးထိုးခဲ့ကြသည်။ Image: Rakuten Viber “Rakuten Viber အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးစွန့်ဦးတီထွင်သူတွေနဲ့ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တွေ အတွက် ဆန်းသစ်တဲ့ ဆက်သွယ်ချိတ်ဆက်မှု ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို ထောက်ပံ့ပေးအပ်သွားဖို့ ရည်သန်လုပ်ဆောင်နေပြီး လုပ်ငန်းရှင်တွေ အနေနဲ့ ဒီလုပ်ဆောင်ချက်တွေကို အသုံးပြုပြီးတော့ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ ကိုက်ညီမှုရှိတဲ့ လူမှုအသိုင်းအဝန်းတွေနဲ့ ပိုမို ချိတ်ဆက်သွားနိုင်ဖို့နဲ့ ဝယ်ယူအားပေးသူ ပမာဏ […]

အိန္ဒိယနိုင်ငံ၊ Naval War College(NWC)မှ ဒုတိယကျောင်းအုပ်ကြီး ဦးဆောင်သော အရာရှိကြီးများအဖွဲ့ မြန်မာနိုင်ငံရှိ အထင်ကရ နေရာများသို့ လေ့လာရေးခရီးစဉ်အဖြစ် လာရောက်လေ့လာ

အိန္ဒိယနိုင်ငံ၊ Naval War College(NWC)မှ ဒုတိယကျောင်းအုပ်ကြီး ဦးဆောင်သော အရာရှိကြီးများအဖွဲ့ မြန်မာနိုင်ငံရှိ အထင်ကရ နေရာများသို့ လေ့လာရေးခရီးစဉ်အဖြစ် လာရောက်လေ့လာ နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာ ၈ ရက် အိန္ဒိယနိုင်ငံ၊ Naval War College (NWC)မှ ဒုတိယကျောင်းအုပ်ကြီး Commodore Prashant Chandrasekharan ဦးဆောင်သော အရာရှိကြီးများ အဖွဲ့သည် လေ့လာရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ဒီဇင်ဘာလ ၂ ရက်တွင် ရောက်ရှိခဲ့ကြသည်။ အဆိုပါ ဒုတိယကျောင်းအုပ်ကြီး ဦးဆောင်သော အဖွဲ့သည်   မြန်မာနိုင်ငံသို့ ရောက်ရှိစဉ်အတွင်း ဒီဇင်ဘာ ၃ ရက်နေ့တွင်ရန်ကုန်မြို့ရှိ  India Centre သို့ သွားရောက် လေ့လာခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ ဝန်ထမ်းများနှင့် တွေ့ဆုံခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး […]

အချုပ်အခြာအာဏာ၊ နိုင်ငံတကာအသိအမှတ်ပြုမှုနှင့် မြန်မာ့နိုင်ငံရေး လားရာ – Myanmar Now

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံသည် ဗြိတိသျှကိုလိုနီလက်အောက်မှ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုအဖြစ် ပြန်လည်ရပ်တည်နိုင်ခဲ့သည်။ နောက် ၃လကျော်အကြာ ဧပြီလ ၁၉ ရက်နေ့တွင် မြန်မာသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။  ထိုအချိန်သည် ဒုတိယကမ္ဘာစစ်ပြီးကာလ၊ ကိုလိုနီစနစ်အောက်မှ လွတ်မြောက်လာသော အချုပ်အခြာအာဏာ ပိုင် နိုင်ငံများ ကမ္ဘာအနှံ့ ပေါ်ထွက်လာသောကာလ ဟု ဆိုနိုင်သည်။ ကုလသမဂ္ဂသည်ပင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းသော နိုင်ငံတကာစနစ်အဖြစ် ထူထောင်ခါစအချိန်လည်း ဖြစ်သည်။  ကုလသမဂ္ဂပဋိညာဉ်စာချုပ် အခန်း ၁ “ရည်ရွယ်ချက်နှင့် အခြေခံမူများ” ၏ ပုဒ်မ ၂၊ ပုဒ်မခွဲ ၁ အရ အဖွဲ့ဝင်နိုင်ငံများအကြား ကြီးငယ်မရွေး အချုပ်အခြာအာဏာ တန်းတူညီမှု (Sovereignty Equality) အခြေခံမူကို […]