ylliX - Online Advertising Network

ထိုင်း- မြန်မာအမှတ် (၁) ချစ်ကြည်ရေးတံတား၌ အဖြူရောင်ကတ် ပြုလုပ်သူ များပြား

ထိုင်း- မြန်မာ နယ်စပ်ရှိ တာချီလိတ် – မယ်ဆိုင် အမှတ် (၁) ချစ်ကြည်ရေးတံတား၌ တာချီလိတ်မှ ထိုင်းနိုင်ငံတွင်း သွားရောက်ရန် အဖြူရောင်ကတ် ပြုလုပ်သူများပြားနေကြောင်း သိရသည်။ အဆိုပါ အဖြူရောင်ကတ် ရရှိပါက ထိုင်းနိုင်ငံတွင်း (၁၄)ရက်သွားလာခွင့်ရရှိမည်ဖြစ်ကာ အဖြူရောင်ကတ်အသစ် ပြုလုပ်သူ အလွန်များပြားနေသော ကတ်ထုတ်ပေးသူများ မနိုင်မနင်းဖြစ်ပေါ်နေကြောင်းလည်း သိရသည်။ အဖြူရောင်ကတ်တွင် ကိုယ်ရေးအချက်အလက်ဖြည့်ခြင်း၊ ဓါတ်ပုံရိုက်၊ လက်ဗွေယူ၊ ကတ်အသစ်ထုတ်ပေးခြင်းများကို တခါတည်းအပြီး ပြုလုပ်ပေးနေပြီး ကတ်အတွက်ဘတ် (၂၀) ပေးသွင်းရကြောင်း သိရသည်။ ထို့ပြင် ကားနှင့် ဆိုင်ကယ်များအတွက်ကိုလည်း ကူးသန်းလျက်ရှိသည့် ဆိုင်ကယ်စာရွက် မူရင်း၊ ကမ်းကူးစာအုပ်နှင့်ကတ်ထုတ်ပေးခြင်းကို ပြုလုပ်ပေးနေပြီး ဘတ် (၂၀) ပေးသွင်းရသည်ဟု သိရသည်။ မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား […]

ရေးမြို့နယ်၊ အာယုတောင်ရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူး အဖွဲ့ ဝင်ရောက် တိုက်ခိုက်၊ ပျူခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးနဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ များပြား

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ဝင်ရောက် တိုက်ခိုက်ရာ ပျူစောထီး ခေါင်းဆောင် ဗိုလ်ကြီးဟောင်း လင်းဦးနဲ့ အုပ်ချုပ်ရေးမှူး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ များပြားတယ်လို့ သိရပါတယ်။မနေ့က နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်မှာ ရေးမြို့နယ်၊ အာယုတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရေးဘီလူးအဖွဲ့က ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ရေးမြို့နယ်မှာ အင်အားကြီး ပျူခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ကြီးဟောင်း လင်းဦး ဒဏ်ရာပြင်းထန်ရရှိပြီး အုပ်ချုပ်ရေးမှူးနဲ့ အများအပြားလဲ ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။ရေးဘီလူးအဖွဲ့ဟာ ရေးမြို့နယ်အတွင်း စစ်တပ်နဲ့ ၎င်းတို့ထောက်တိုင်အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကို နှိမ်နင်းနေတဲ့အဖွဲ့ဖြစ်ပြီး စစ်မှုထမ်းကောက်ခံခြင်း၊ သန်းခေါင်းစာရင်းကောက်ခံမှုများ မပြုလုပ်ရဲအောင် ပြည်သူတွေကို ကာကွယ်ပေးနေတဲ့အဖွဲ့လဲဖြစ်ပါတယ်။ Continue Reading Source […]