ylliX - Online Advertising Network

စိတ္ဝင္စားစရာ မာမာရဲ႔ ဝါသနာမ်ား: အုန်းထမင်း

  ကျန်ခဲ့တဲ့ သုံးရက်က မာမာ့သမီးလေးတို့ လာမယ်ဆိုတာနဲ့ အုန်းထမင်း ချက်ပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့   မာမာပြင်ဆင်ပြီး ချက်ထားတဲ့ အုန်းထမင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ ပါ၀င်ပစ္စည်းများ Basmati Rice – ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး ကြက်သွန်နီ – အလုံးခပ်သေးသေး ခွန်နှစ်လုံး ဆား – လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ အုန်းနို့ – ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ready made ဗူးကို သုံးထားပါတယ်) ရေ – ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး  သကြား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆီ – ထမင်းစားဇွန်း နှစ်ဇွန်း ပြင်ဆင်ပုံ ဆန်ကို ရေသုံးထပ်လောက် ဆေးပေးပါ […]

စိတ္ဝင္စားစရာ မာမာရဲ႔ ဝါသနာမ်ား: ချဉ်ငံစပ် ဘဲသွေးဟင်း

ပါ၀င်ပစ္စည်းများ ဘဲသွေး – အနေတော် နှစ်တုံး ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း ကြက်သွန်နီ – အနေတော် တစ်ဥ ကြက်သွန်ဖြူ – အမွှာကြီးကြီး နှစ်မွှာ ချင်း – ခပ်ပါးပါး နှစ်ပြား ခရမ်းချဉ်သီး – အနေတော် သုံးလုံး ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ ငါးငံပြာရည် – ထမင်းစားဇွန်း တစ်ဇွန်း နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ဆီ – ထမင်းစားဇွန်း သုံးဇွန်းသာသာ ပြင်ဆင်ပုံ ဘဲသွေးတုံးကို ရေဆေးပေးပြီး ရေစစ်ကာ အနေတော် အတုံးလေးတွေ တုံးပေးထားပါ  ရေစစ်သွားတာနဲ့  ဆား […]

စိတ္ဝင္စားစရာ မာမာရဲ႔ ဝါသနာမ်ား: ကန်စွန်းရွက် ချဉ်ရည်ဟင်း

  ဒီနေ့တော့ အိမ်မှာစိုက်ထားတဲ့ ကန်စွန်းပင်က ကန်စွန်းညွန့်လေးတွေခူးကာ ပုဇွန်လေးတွေနဲ့ရောပြီး ချဉ်ရည်ဟင်း အရည်သောက်ဆမ်း ဟင်းတစ်မယ် ချက်ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကန်စွန်းရွက် ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ ပါဝင်ပစ္စည်းများ ကန်စွန်းရွက် – အနေတော် ဇကာတစ်လုံး ပုဇွန် – မိမိနှစ်သက်သလောက်ထည့်ပါ ကြက်သွန်နီ – အနေတော် တစ်ခြမ်း ကြက်သွန်ဖြူ – အမွှာကြီးကြီး နှစ်မွှာ ချင်း – လက်တဆစ်ခန့် ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ ဆီ – ထမင်းစားဇွန်း နှစ်ဇွန်း ငါးငံပြာရည် – ထမင်းစားဇွန်း သုံးဇွန်း ဆား – […]

စိတ္ဝင္စားစရာ မာမာရဲ႔ ဝါသနာမ်ား: ဟင်းနုနွယ်ရွက်ကြော်

  တစ်ခါတလေမှာ အသီးအရွက်လေးတွေချက်တိုင်း သတိထားရတာလေးတွေ ရှိတတ်ပါတယ် အရွက်လေးတွေ မသင်ခင်မှာ အပင်လိုက်ကို ရေအရင်ဆေးပြီးမှ သင်ပေးတာ အကောင်းဆုံးပါ။ ဘာလို့အပင်လိုက် ရေအရင်ဆေးလဲဆိုရင် အရွက်တွေမှာကပ်နေတဲ့ ပိုးသတ်ဆေးတွေ အရင်ဆုံး စင်စေချင်လို့ပါဘဲ။ အရွက်တွေ သင်ပေးပြီးရင်လဲ ဇလုံထဲမှာ ရေနဲ့ဆားအနည်းငယ်ထည့်ပြီး အရွက်ထည့်ကာ ရေနာဝက်လောက် စိမ်ပေးပါ အခုလို စိမ်ပေးခြင်းကြောင့် အရွက်တွေမှာ ကပ်နေတတ်တဲ့ ပိုးကောင်လေးတွေ ကပ်နေတာ စင်စေချင်လို့ပါဘဲ။ အရွက်ကြော်တာကတော့ ထုံးစံအတိုင်း ကြက်သွန်ဖြူ ကြက်သွန်နီ ဆီသတ်ပြီး ကြော်တာဘဲမို့ လွယ်လွယ်ကူကူနဲ့ ကြော်လို့ရပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ဟင်းနုနွယ်ရွက် သတ်သတ်လွတ် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ ပါ၀င်ပစ္စည်းများ ဟင်းနုနွယ်ပင် – ၁၀ပင်ခန့် ကြက်သွန်နီ – အနေတော် တစ်ခြမ်း ကြက်သွန်ဖြူ […]

စိတ္ဝင္စားစရာ မာမာရဲ႔ ဝါသနာမ်ား: ခေါက်ဆွဲကြော်

  မာမာ ဒီတစ်ခါတော့ အသားမပါပေမဲ့ အရမ်းစားလို့ကောင်းလွန်းတဲ့ ခေါက်ဆွဲကြော်လေး ကြော်စားဖြစ်ပါတယ် တရုတ်ဆိုင်က အရသာအတိုင်း အရသာမွှေးမွှေး ချိုချိုလေးရတဲ့အတွက် ကြော်စားချင်တဲ့သူတွေ ကြော်စားနိူင်အောင် မာမာကြော်တဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။ ပါ၀င်ပစ္စည်းများ ကြက်ဥခေါက်ဆွဲအစို – လေးဆယ်သား မုန့်ညှင်းဖြူ – အနေတော် တစ်စိတ် ကြက်သွန်ဖြူ – အမွှာကြီးကြီး သုံးမွှာ ပဲငံပြာရည် အပျစ် – ထမင်းစားဇွန်း တစ်ဇွန်း ပဲငံပြာရည် အကျဲ – ထမင်းစားဇွန်း တစ်ဇွန်း သကြား – ထမင်းစားဇွန်း တစ်ဇွန်း ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆီ – ထမင်းစားဇွန်း ရှစ်ဇွန်းခန့် ကြက်ပြုပ်ရည် – ထမင်းစားဇွန်း ရှစ်ဇွန်း ပြင်ဆင်ချက်ပြုပ်ပုံ […]

စိတ္ဝင္စားစရာ မာမာရဲ႔ ဝါသနာမ်ား: မုံလာဥ ငုံးဥမွှေကြော်

 ပါ၀င်ပစ္စည်းများ မုံလာဥ – ဟင်းပြင်ပန်းပန် တစ်လုံးစာ (ပုံမှန် ) ငုံးဥ – လေးလုံး ကြက်သွန်နီ – အနေတော် တစ်ခြမ်း အရသာမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက် ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ ဆီ – ထမင်းစားဇွန်း ငါးဇွန်းခန့် နနွင်းမှုန့်. – လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ ပြင်ဆင်ပုံ မုံလာဥကို အခွံခွာပြီး ပုံပါအတိုင်း ခပ်ရှည်ရှည်လေးတွေ လှီးပေးကာ ရေဆေးထားပါ ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ အောက်ခြေမကပ်သော အိုးကိုအပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပါ ဆီပူလာပါက ကြက်သွန်နီကို ထည့်ပြီး မွှေးလာအောင် ကြော်ပေးပါ ကြက်သွန်ကြော်နံ့ […]

စိတ္ဝင္စားစရာ မာမာရဲ႔ ဝါသနာမ်ား: ဆီထမင်း

  ဒီနေ့တော့ ဆီထမင်း စားချင်တာနဲ့ မနက်စောစော ဆီထမင်း ထိုးဖြစ်ပါတယ် ဆီထမင်း ထိုးရတာကတော့ အရမ်းကိုဘဲ လွယ်ပါတယ် ဆီထမင်းထိုးတဲ့ နည်းတွေကလဲ အမျိုးမျိုး ရှိပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ မိမိတို့ အသုံးပြုတဲ့ ကောက်ညှင်းဆန်အပေါ် မူတည်ပြီး ရေအနည်းအများကိုတော့ ချိန်ရတာတွေ ရှိတတ်ပါတယ်။ သက်ရင့်ကောက်ညှင်းဆန်ဆိုရင် ရေနည်းနည်း ပိုထဲ့ရပါတယ် သက်နုကောက်ညှင်းဆန် ဆိုရင်တော့ ရေကိုပုံမှန်ဘဲ ထဲ့ပေးရပါတယ် သက်ရင့်ဟုတ် မဟုတ်ကိုတော့ ကောက်ညှင်းချက်နေရင်း ဆန်သားကျက်ချိန်မှာ ကြည့်ပေးရပါတယ်။ ချက်နေကျအတိုင်း ရေကိုထဲ့ပြီး ချက်ပေမဲ့ သက်ရင့်ကောက်ညှင်းဆိုရင် အကျက်နည်းနည်း လိုနေတတ်ပါတယ် အဲဒီအခါမျိုး ဆိုရင်တော့ ရေကိုချင့်ချိန်ပြီး ထပ်ထဲ့ပေးပြီး ကျက်တဲ့အထိ ဆက်ချက်ပေးရပါတယ်။ ဆီထမင်းချိုး လိုချင်ရင်တော့ စိတ်ရှည်ရှည်နဲ့ တည်ပေးပြီး မီးအရမ်း မများဖို့ကိုလဲ သတိထားစေချင်ပါတယ် […]

စိတ္ဝင္စားစရာ မာမာရဲ႔ ဝါသနာမ်ား: ကြက်သား မရမ်းသီးသနပ်ဟင်း

  မာမာ ဒီနေ့တော့ ကြက်သားကို မရမ်းသီးသနပ်နဲ့ ဆီပြန်ဟင်း ချက်ဖြစ်ပါတယ် မရမ်းသီးသနပ် ပါတဲ့အတွက် ကြက်သား အရသာက ချဥ်ဖြုံ့ဖြုံ့ အရသာလေးနဲ့ စားလို့အရမ်းကောင်းပါတယ်။  ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်သားမရမ်းသီးသနပ် ဆီပြန်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ ပါ၀င်ပစ္စည်းများ ကြက်သား – 500 g  မရမ်းသီးသနပ် – ထမင်းစားဇွန်း ငါးဇွန်း ဟင်းချိုမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက် နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း ဆီ – ထမင်းစားဇွန်း ခွန်နှစ်ဇွန်း ကြက်သွန်ဖြူ – အမွှာကြီးကြီး သုံးမွှာ ကြက်သွန်နီ – ခပ်ကြီးကြီး နှစ်လုံး ကြက်သွန်နီ – […]

စိတ္ဝင္စားစရာ မာမာရဲ႔ ဝါသနာမ်ား: သီးရွက်စုံ သနပ်

  မာမာ ဒီနေ့တော့ ဟင်းချက်တဲ့ အခါမှာ ပိုနေတဲ့ အသီးအရွက်လေးတွေကို သီးရွက်စုံ သနပ်လေး လုပ်ဖြစ်ပါတယ်။ မာမာက အသားငါးထက် အသီးအရွက်ကို ပိုပြီးကြိုက်တဲ့အတွက်  ဟင်းသီးဟင်းရွက် အသီးအနှံကို အမျိုးမျိုး လုပ်စားလေ့ ရှိပါတယ်။ အသီးအရွက် သနပ်လေးတွေ လုပ်တဲ့အခါမှာ မာမာသုံးတဲ့ ပဲနံ့သာစေ့ နဲ့ မုန့်ညှင်းစေ့တို့ မရနိူင်ပါက သနပ်မဆလာကို သုံးနိူင်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေ့တော့ မာမာပြင်ဆင်ပြီး ပြုလုပ်ထားပြီး စားလို့ကောင်းလွန်းတဲ့ သီးရွက်စုံသနပ် ပြုလုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ ပါဝင်ပစ္စည်းများ ပဲပင်ပေါက် – 1oo g မျှစ်ပြုပ်ပြီးသား – 100 g ကင်းမုံသီး – 50 g ကြက်ဟင်းခါးသီး – 50 g ငရုတ်သီး အရောင်တင်မှုန့်  – ထမင်းစားဇွန်း […]

စိတ္ဝင္စားစရာ မာမာရဲ႔ ဝါသနာမ်ား: ဗယာကြော်

  ဒီနေ့တော့ နွေရာသီရဲ့ အပူရှိန်ကို အံတုရင်း ငါ့၀မ်းပူဆာ မနေသာဆိုတဲ့အတိုင်း ၀မ်းတထွာလေးကိုဖြည့်ဖို့ အတွက် ချက်ရပြုပ်ရပါအုံးမယ်။ ဒါကြောင့်မို့လို့ အလုပ်ရှုတ်တယ် ထင်ရပေမဲ့ အရမ်းကြိုက်တဲ့ ဗယာကြော်လေး ကြော်စားဖြစ်ပါတယ် ပြင်ရဆင်ရတာ မဆိုသလောက်လေး အလုပ်ပိုပေမဲ့ ကြော်ပြီးတဲ့အခါ စားလို့ကောင်းတော့ အမောလေးတော့ ပြေတာပေါ့နော်။ ကုလားပဲခြမ်း 2 cups လောက်ဆို မိသားစု ၈ယောက်လောက် စားနိူင်ပါတယ် ၄ယောက်စာဆိုရင်တော့ တစ်၀က်နူန်းနဲ့တွက်ပြီး ကြော်နိူင်ပါတယ်။ ခြံထဲဆင်းပြီး ပျဥ်းတော်သိမ်းရွက်လေးခူးကာ  ဗယာကြော်ကြော်ဖို့ ပြင်ရင်း မာမာပြင်ဆင်ပြီး ကြော်ထားတဲ့  နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ ပါ၀င်ပစ္စည်းများ ကုလားပဲခြမ်း – 2 cups ပျဉ်းတော်သိမ်းရွက် – အခက်ကြီးကြီး ၃ခက် ပဲအစိမ်းမှုန့် – ထမင်းစားဇွန်း ၄ဇွန်း အတိ […]