ရခိုင်ပြည်နယ်၊ မောင်တောမြို့ နခခ (၅) စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူးချုပ်တဦးနဲ့တပ်ဖွဲ့ဝင်တွေကို အာရက္ခတပ်တော် AA ကလက်ရဖမ်းဆီး၊ ကချင်ပြည်နယ်ဗန်းမော်မြို့သိမ်းတိုက်ပွဲပြင်းထန်ချိန် တရုတ်အာဏာပိုင်တွေနဲ့ KIO/KIA ဥက္ကဋ္ဌတို့ တွေ့ဆုံ၊ ရှမ်းစစ်ဘေးရှောင်ပြည်သူတွေအတွက် အကူအညီလိုအပ်နေတဲ့အခြေအနေတွေ…စသည် Source link
ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့နယ်အတွင်းက ခရိုင်ကျေးရွာကို ဒီဇင်ဘာ ၁ ရက်နေ့က စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၃ ဦး ထက်မနည်း သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။ တောင်ကုတ်မြို့နယ် အပါအဝင် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန် နေတာနဲ့အမျှ ဒေသခံတွေ သေဆုံးမှုတွေလည်း တိုးလာနေတာပါ။ ရခိုင်ပြည်နယ်တွင်းက တိုက်ပွဲ အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် တောင်ပိုင်း တောင်ကုတ်မြို့နယ်အတွင်းက ခရိုင်ကျေးရွာကို ဒီရက်ပိုင်းအတွင်း စစ်ကောင်စီလေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့်အရပ်သား ၃ ဦး သေဆုံးပြီးတော့ ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ […]
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တိုက်ပွဲပြင်းထန်နေတဲ့ တောင်ကုတ်မြို့ပေါ်ကို AAဘက်က ထိန်းချုပ်ထားပြီး မြို့ပေါ်မှာပိတ်မိနေတဲ့အရပ်သားတွေကို AA က ကယ်ထုတ်နေတယ်လို့ တောင်ကုတ်ဒေသခံတဦးကပြောပါတယ်။စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ဒီရက်ပိုင်း အရပ်သား (၉) ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်က ဂွ၊ အမ်းနဲ့ မောင်တောမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ ရခိုင်ဘက်က စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးထားပါတယ်။ အာရက္ခတပ်တော် AA ထိုးစစ်ဆင်တိုက်နေတဲ့ မြို့နယ်တွေထဲက တခုဖြစ်တဲ့ တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတော်တော်များများ AAဘက်ကသိမ်းပိုက်ထားပြီး မြို့ပေါ်အထိ ထိန်းချုပ်ထား နိုင်ပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာတော့ တောင်ကုတ်မြို့ပေါ်မှာ ပိတ်မိနေတဲ့ ဒေသခံတွေကို AA ဘက်က ကယ်ထုတ်နေတယ်လို့တောင်ကုတ်မြို့ပေါ်ကနေ ထွက်ပြေး တိမ်းရှောင် လာတဲ့ […]