အာရက္ခတပ်တော် (AA) က စစ်သုံ့ပန်း ၂ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့တစ်ခုက သတင်းထုတ်ပြန်ခဲ့ပြီးနောက်တစ်နေ့တွင် ထိုတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်က ထိုသတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း ဝန်ခံလိုက်ပြီး နောင်တွင် အလားတူဖြစ်ရပ်များ မပေါ်ပေါက်စေရန် လုပ်ဆောင်သွားမည်ဟု ဆိုသည်။ AA တပ်ဖွဲ့ဝင်ဟု ယူဆရသူများက သုံ့ပန်းအချို့ကို ညှင်းပန်းနှိပ်စက်နေသည့် ဗီဒီယိုဖိုင်များ အွန်လိုင်းပေါ်တွင် ပေါက်ကြားလာပြီးနောက် AA ၏ တုံ့ပြန်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ယခု ပေါက်ကြားလာသည် ရုပ်သံမှတ်တမ်းသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) ကို တိုက်ခိုက်စဉ် ပေါ်ပေါက်ခဲ့သည့် ဖြစ်စဉ်ဟု AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။ AA တပ်ဖွဲ့ဝင်များသည် […]
ရခိုင်ပြည်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့က ဒိုင်းနက်နဲ့ မြိုလူမျိုးစုတွေကို ဒေသကာကွယ်ရေးနဲ့ လုံခြုံရေးလိုအပ်ချက်အရ စစ်သင်တန်းပေးဖို့ ခေါ်ဆောင်ထားတာ ဟုတ်မှန်တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ပြောခွင့်ရ ဦးခိုင်သုခက ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဝန်ခံထားပါတယ်။ မျိုးနွယ်စုတွေကို စစ်သင်တန်းပေးခြင်းဟာ ဒေသခံတွေရဲ့ အသက်အန္တရယ်လုံခြုံရေးအတွက် လိုအပ်လို့ လုပ်ပေးနေတာဖြစ်တယ်လို့ AA ပြောခွင့်ရသူက CJ Platform ကို ပြောပါတယ်။ “ဘူးသီးတောင်၊ မောင်တောဒေသမှာ ဒီ မွတ်ဆလင်အစွန်းရောက် အဖွဲ့တွေဟာ ဒေသခံတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးတွေကို တောက်လျှောက်ခြိမ်းခြောက်လျက်ရှိသလို ဒေသခံတွေ မကြာမကြာ သတ်ဖြတ်ခံနေရတဲ့ ဖြစ်စဉ်တွေလည်းရှိနေပါတယ်။ ဒါကြောင့် ဒေသခံတွေ ဒီအကြမ်းဖက်သမားတွေဆီမှာ သတ်ဖြတ်မခံရဖို့နဲ့ ဒီ လုံခြုံရေးသတိရှိဖို့ သူတို့ရဲ့ ကျေးရွာကို […]
အွန်လိုင်းလောင်းကစားဂိမ်းစွဲနေသည့် ဆရာဝန်က သူငယ်ချင်းဆရာဝန်ကို ကျပ်သိန်း ၃၀၀၀ ဖြင့် ပြန်ပေးဆွဲ သတ်ဖြတ်ပြီး ရရှိငွေ ထင်သလိုသုံးခဲ့ဟု ဝန်ခံ – Myanmar Transparency News Source link
စစ်ကောင်စီ ဝန်ကြီးဌာနများ၏ စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းစာရင်းအချက်လက်များသည် မြေပြင် ပကတိအခြေအနေနှင့် ကွဲလွဲမှုရှိကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ဝန်ခံပြောကြားသည်။ ယမန်နေ့ (ဒီဇင်ဘာ ၃) က နေပြည်တော်တွင် ပြုလုပ်သည် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ဝန်ခံပြောကြားချက်များကို စစ်ကောင်စီထိန်းချုပ်သည့် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။ ကိန်းဂဏန်းအချက်လက်များအရ စီးပွားရေးတိုးတက်သည့်နည်းတူ မြေပြင်အမှန်တိုးတက်ရန်လိုအပ်ပြီး အချက်လက် မမှန်ကန်ပါက စီမံကိန်းများရေးဆွဲရာတွင် မှားယွင်းနိုင်ကြောင်း၊ တိုင်းနှင့် ပြည်နယ်များရှိ စီးပွားရေးဝန်ကြီးများနှင့် စီမံကိန်းရေးဆွဲရေးဌာနများက မြေပြင်အခြေအနေမှန်ကို လေ့လာသုံးသပ်ပြီးမှ ဆောင်ရွက်သင့်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ “ဥပမာအနေဖြင့် မိမိတို့နိုင်ငံတွင် ဝါများပိုလျှံမှုရှိသည်ဟု ကိန်းဂဏန်းအချက်လက်များအရ သိရှိရပြီး ပြည်ပသို့ တင်ပို့ထားသည့် ကိန်းဂဏန်းအချက်အလက်နှင့် အမှန်တကယ်တင်ပို့ထားသည့်အချက် အလက်များ ကွဲလွဲနေသည်ကို တွေ့မြင်ရကြောင်း၊ ဆန်နှင့်ပတ်သက်၍ နှစ်စဉ်ပိုလျှံမှုများရှိကြောင်း၊ သို့သော် […]