ylliX - Online Advertising Network

ပြည်ဖျက်မီဒီယာများမှ ဇန်နဝါရီလ ၈ ရက်နေ့ လွှင့်တင်ရေးသားထားသော သတင်းအမှားများ

ဇန်နဝါရီ ၆ ရက် မကွေးတိုင်း၊ ထီးလင်းမြို့ပေါ် လုံခြုံရေးစခန်းနေရာများအား ရော့ကတ်၊ ဒရုန်းဖြင့်တိုက်ခိုက် စစ်သည်ထိခိုက်သေဆုံးမှုရှိဟုရေးသား။ (ဖြစ်စဉ်ရှိ ထိခိုက်မှုမရှိ) ဇန်နဝါရီ ၃ ရက် အရာတော်လေ့ကျင့်ရေး ၁၀ မှ စစ်ကြောင်းတိုက်ခိုက်ခံရ စစ်သည် ၆ ဦးသေ၊ ၃ ဦးဒဏ်ရာရခဲ့ဟု ရေးသား (ဖြစ်စဉ်ရှိ ထိခိုက်မှုမရှိ) ဇန်နဝါရီ ၃ ရက် ပုသိမ်ကြီးမြို့နယ်၊ သက္ကယ်ကျင်းနှင့် ဘိုင်ဘင်ရွာအကြားရှိ လုံခြုံရေးစခန်း လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ လုံခြုံရေးတပ်ဖွဲ့ဝင်များထိခိုက်မှုရှိဟု ရေးသားမှု (ဖြစ်စဉ်ရှိ ထိခိုက်မှုမရှိ) ဇန်နဝါရီ ၇ ရက် မုံရွာ-မန္တလေးလမ်းပိုင်း ချောင်းဦးနှင့် နတ်ရေကန်အကြားတွင် တပ်မတော်ရဲ့ သံပြားကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်တာ စစ်သည် ၁ ဦးသေ ၂ ဦးဒဏ်ရာရရှိခဲ့ပြီး […]

ယင်းမာပင်မြို့နယ်၊ မြို့သစ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့နေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ

ယင်းမာပင်မြို့နယ်၊ မြို့သစ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့နေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ နေပြည်တော်၊ ၂၀၂၅ ဇန်နဝါရီလ ၇ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်၊ မြို့သစ်ကျေးရွာကို ဇန်နဝါရီ ၅ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့သဖြင့် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာလုံခြုံရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ အကြမ်းဖက်သမားများအနေဖြင့် ပြည်သူလူထု၏ အကျိုးစီးပွားကို မငဲ့ကွက်ဘဲ မြို့၊ ရွာများအတွင်း တရားမဝင် ဝင်ရောက်၍ တိုက်ပွဲများဖော်ဆောင်လာခြင်းများကြောင့် မြို့/ရွာ များ ပျက်စီးရကြောင်းနှင့် ၎င်းတို့အပေါ် ထောက်ခံအားပေးမှုမရှိသည့် ပြည်သူများ၏ နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ သို့ဖြစ်၍ အကြမ်းဖက်သမားများ ဝင်ရောက်လာမှု […]

ဘုတလင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ ၇၀ ဦးကျော်ကို  ဖမ်းဆီး ထားသည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားလျက်ရှိ

ဘုတလင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ ၇၀ ဦးကျော်ကို  ဖမ်းဆီး ထားသည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားလျက်ရှိ နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၂၆ ရက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူ ၇၀ ဦးကျော်ကို ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား၍ ဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ် မေးမြန်းပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဘုတလင်မြို့နယ် အတွင်း နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများအား မည်သည့် အကြောင်းနှင့်မျှ ဥပဒေမဲ့ဖမ်းဆီးခေါ်ဆောင်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူ များကသာ၎င်းတို့နှင့် အမြင်မတူသူများကို ခေါင်းစဉ်အမျိုးမျိုးတပ်၍ သံဃာတော်များ၊ အစိုးရဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား ရက်ရက်စက်စက်ဖမ်းဆီးသတ်ဖြတ် နေသည်ကို ပြည်သူအားလုံးအသိပင်ဖြစ်ကြောင်း၊ […]

နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ

နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေ နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာ ၂၅     မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြိုင်သာရွာနှင့် ဒေါင့်ဘိုးရွာကို ဒီဇင်ဘာလ (၂၃)ရက်နှင့် (၂၄)ရက်တို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ဦးသေဆုံးခဲ့ကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာ များက  မဟုတ်မမှန် ရေးသားဖြန့်ဝေနေကြောင်းတွေ့ရှိရသည်။     အဆိုပါသတင်းနှင့်ပက်သတ်၍သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိ သူတစ်ဦး၏ပြောကြား ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းကျေးရွာများအတွင်း ပြည်သူများအေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်သည့်နယ်မြေလုံခြုံရေး လုပ်ငန်းများကိုဆောင်ရွက်ပေးလျက် ရှိပြီး လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းမရှိကြောင်း၊ အကြမ်းဖက်သမားများကသာ ၎င်းတို့အပေါ်ထောက်ခံအားပေးမှုမရှိသည့်ကျေးရွာများကို ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီး များဖြင့်ပစ်ခတ်ခြင်းများဆောင်ရွက်လျက်ရှိပြီး […]

ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

  ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအမှားများ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ ၁၁ ရက် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျုံးရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေးများအပါအဝင် ပြည်သူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍  သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများ၏ ပြောကြားချက်အရ ၎င်းဒေသများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်သမားများ ဝင်ရောက်ခိုအောင်းနေ ထိုင်ကြောင်း သတင်းပေးပို့မှုများ ရရှိလာပါက အကြမ်းဖက်သမားများ အမှန်တကယ်ဝင်ရောက် နေထိုင်မှု ရှိ/မရှိနှင့် ဒေသခံပြည်သူများနေထိုင်ခြင်း ရှိ/မရှိကို […]

မွန်ပြည်နယ်တွင် ဒေသန္တရအမိန့် ဖောက်ဖျက်သူများအား စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေ

  မွန်ပြည်နယ်တွင် ဒေသန္တရအမိန့် ဖောက်ဖျက်သူများအား စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးနေကြောင်း သတင်းတု၊ သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေ နေပြည်တော်၊ ၂၀၂၄ ဒီဇင်ဘာလ – ၅ မွန်ပြည်နယ်တွင် ဒေသန္တရအမိန့် ဖောက်ဖျက်သူများအား စစ်မှုထမ်းဆောင်ရန် အတွက် ဖမ်းဆီးနေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် သတင်း အမှားများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ နယ်မြေခံ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ မွန်ပြည်နယ်အတွင်း အကြမ်းဖက်သမားများဝင်ရောက်၍ အတင်း အဓမ္မလူသစ်စုဆောင်းခြင်း၊ အဖျက်အမှောက်လုပ်ငန်းများလုပ်ဆောင်ခြင်းမရှိစေရန် အတွက် လုံခြုံရေးပူးပေါင်းအဖွဲ့များသည် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ စနစ်တကျစစ်ဆေးရှာဖွေခြင်းများကြောင့် အကြမ်းဖက်သမားများ ဝင်ထွက်သွားလာရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာများအနေဖြင့် အကြမ်းဖက်သမားများ လွယ်ကူစွာ ဝင်ထွက် သွားလာနိုင်ရန်နှင့် ပြည်သူလူထုမှ […]

ရေစကြိုမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ပြည်သူများထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၂ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ကမ္ဘဲ့ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒီဇင်ဘာ ၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် သမန္တပို့ကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သတင်းတု၊ သတင်းအမှားကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။ ဖြစ်စဉ်အမှန်မှာ ၎င်းရက်နေ့တွင် ကမ္ဘဲ့ကျေးရွာအတွင်း PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိနေပြီး ဒေသခံပြည်သူများထံမှ ငွေကြေးကောက်ခံခြင်းနှင့် အဓမ္မလူသစ်စုဆောင်းခြင်းများ လုပ်ဆောင်နေကြောင်း တာဝန်သိပြည်သူတစ်ဦး၏ လျှို့ဝှက်စွာသတင်းပေးပို့ချက်အရ လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက် သမားများနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ရာ ကျေးရွာအတွင်းမှ အကြမ်းဖက်သမားများက နေအိမ် များကို မီးရှို့ဖျက်ဆီးပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် သမန္တပို့ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ ဝင်များက လက်နက်ကြီးပစ်ခတ်ခြင်းမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် […]

လက်ပံတန်းမြို့နယ်၊ ညောင်ပင်ဇင်းကျေးရွာက နေအိမ် ၁၅ လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်

လက်ပံတန်းမြို့နယ်၊ ညောင်ပင်ဇင်းကျေးရွာက နေအိမ် ၁၅ လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့် နေပြည်တော်၊ နိုဝင်ဘာ ၁၅ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၊ ညောင်ပင်ဇင်းကျေးရွာက နေအိမ် ၁၅ လုံးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက ပြည်သူများအထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လှုံ့ဆော်ရေးသားဝါဒ ဖြန့်ချိလျက်ရှိသည်ကိုတွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ လက်ပံတန်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန် တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် လုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ၎င်းကျေးရွာအနီးတစ်ဝိုက်တွင် နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ သော်လည်း ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိကြောင်း လုံခြုံရေးတာဝန် ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။ တရားမဝင်ပြည်ဖျက်မီဒီယာများသည် နယ်မြေလုံခြုံရေးဆောင်ရွက်ရာ အနီးဝန်းကျင်ရှိ […]

ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် မုံရွာမြို့တွင် ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းတု၊ သတင်းအမှားများ လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ နိုဝင်ဘာ ၆ ပြည်သူ့စစ်မှုထမ်းဆောင်ရန်အတွက် မုံရွာမြို့မှ လူငယ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လှုံ့ဆော်ဝါဒ ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။ အဆိုပါသတင်းနှင့်ပတ်သက်၍ မုံရွာမြို့မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မုံရွာမြို့အတွင်း ပြည်သူများ အေးချမ်းစွာလုပ်ကိုင်နေထိုင်နိုင်ရေးအတွက် လိုအပ်သည့်နယ်မြေ လုံခြုံရေးဆိုင်ရာလုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသည်ကို အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများ အထင်အမြင် လွဲမှားစေရန် လုပ်ကြံရေးသားနေခြင်းဖြစ်ကြောင်း သိရှိရသည်။ တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့် နေ့မှစ၍ ပြည်သူ့စစ်မှုထမ်းဆောင်ရန်အကျုံးဝင်သည့် ပြည်သူများကို ဖမ်းဆီးခြင်း၊ လမ်းသွားလမ်း လာများကို ပေါ်တာဆွဲခြင်းစသည့် သတင်းတု၊ သတင်းအမှားများကို ပြည်သူများအထင်အမြင်လွဲမှား စေရန် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်လျက်ရှိကြောင်း သတင်းရရှိပါသည်။ Join – […]