ylliX - Online Advertising Network

ကိုသန်းလွင် – ဂျင်မီ ကာတာ (၁၉၂၄ – ၂၀၂၄)

(မိုးမခ) ဇန်နဝါရီ ၃ ၊ ၂၀၂၅ (၁)  အမေရိကန်ပြည် ဂျော်ဂျီယာနယ် မြေပြန့်လယ်တောတစ်ခုဝယ် ဂျင်မီကာတာကို မွေးဖွားခဲ့သည်။ သူသည် အမေရိကန်ပြည်၏ ၃၉ ကြိမ်မြောက် သမ္မတ ဖြစ်လာပါသည်။ သူ သမ္မတဖြစ်ချိန်၌ နိုင်ငံတော်ကို ဝါးတားဂိတ်နှင့် ဗီယက်နမ်စစ်ပွဲကြောင့် နစ်နာခဲ့ရသည်များကို ကုစားပေးမည်ဟု ကြွေးကြော်ခဲ့သည်။ ထို့နောက် စီးပွားရေး ယိမ်း ယိုင်ပျက်စီးလာပြီး အီရန် စစ်သွေးကြွများက အမေရိကန်သံရုံးမှ အမေရိကန်နိုင်ငံသားများကို ဖမ်းဆီး စီးနင်းသည့် အရေးအခင်း ပေါ်ပေါက်ခဲ့ပြီး အိမ်ဖြူတော်ကို စွန့်ခဲ့ရသူ ဖြစ်ပါသည်။ သူ၏ အသက် ၁၀၀ ပြည့်သော ၂၀၂၄ ခုနှစ်  ဒီဇင်ဘာလ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါပြီ။ အတ္တလန်တာမြို့ရှိ ကာတာစင်တာမှ သူ ကွယ်လွန်သွားကြောင်း ကြေညာခဲ့ပါသည်။ […]

ကိုသန်းလွင် – လူ့သဘာ၀ လူ့အပြုအမူ – MoeMaKa Media

(မိုးမခ) ဇန်နဝါရီ ၁ ၊ ၂၀၂၅ (၁) ၁၉၂၄ ခုနှစ် နွေရာသီ၏ ရက်တစ်ရက်တွင် မနုဿဗေဒ ပညာရှင် ရေမွန်ဒတ် (Raymond Dart) သည် တောင်အာဖရိကနိုင်ငံတွင် မကြုံစဖူး ထူးကဲသောတွေ့ရှိမှုတရပ်ကို တွေ့ရှိခဲ့ပါသည်။ ထိုတွေ့ရှိမှုမှ လူတို့၏ အပြုအမူနှင့်ပတ်သက်၍ ကောက်ချက်တခုကို ချခဲ့ရာ ၎င်းသည် နှစ်တစ်ရာတိုင်တိုင် လူတို့ကို လမ်းလွဲသို့လိုက်စေခဲ့ပါသည်။ ရေမွန်ဒတ်သည် တောင်မြို့အနီးမှ မိုင်းတွင်းတစ်ခုတွင် အရိုးစုတစ်ခုကို တူးဖော်တွေ့ရှိခဲ့သည်။ ထိုလူ အရိုးစုကို တောင်ချိုင်း (Taung Child) ဟု အမည်ပေးခဲ့ပြီး ၎င်းခေါင်းခွံရိုးမှာ နှစ်သန်းပေါင်း ၂ ဒသမ ၈ မှ အရိုးတစ်ခု ဖြစ်သည်။ ရှေးလူသားနှင့် မြောက်တို့ကို ဆက်စပ်ပေးသော အရိုးစုအဖြစ် ထင်ရှားခဲ့သည်။ ၎င်း၏သွားများမှာ […]

ကိုသန်းလွင် – အသက်အရွယ်နှင့် ကင်ဆာရောဂါ – MoeMaKa Media

(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၂၄ (၁) ယနေ့ခေတ်သစ် လူငယ်များတွင် ကင်ဆာရောဂါဖြစ်ပွားနှုန်း မြင့်တက်လာခြင်းမှာ အဘယ်ကြောင့်ပါနည်း၊ ၄င်းသည် ခေတ်သစ်ဆေးပညာအတွက်  သန်းထိုက်သည့် မေးခွန်း ဖြစ်သည်။ သင်သည် ခေါင်းကြီးပိုင်း သတင်းကို မြင်ရမှာသေချာပါသည်။ နောက်ဆုံး ရရှိသည့် အချက်အလက်များကိုကြည့်ပါ။ အူမကြီးကင်ဆာဖြစ်ပွားသည့် လူများတွင် လူနာ ၅ ဦးလျှင် တစ်ဦးမှာ အသက် ၅၅ နှစ်အရွယ်အောက် လူငယ်များဖြစ်သည်။ ၄င်းသည် အမျိုးသားကင်ဆာဌာနမှ အချက်အလက်များကို ဝေါစကြိဂျာနယ်မှ ဖော်ပြခြင်းဖြစ်ပါသည်။  ၄င်းသည် ၁၉၅၅ ခုနှစ်က ဖြစ်ပွားနှုန်းထက် နှစ်ဆနီးပါးမှာများပြားပါသည်။ မကြာမီကပြုလုပ်သော အမေရိကန်ကင်ဆာ အစည်းအရုံးမှ တွေ့ရှိချက်မှာ ၃၄ ဦးတွင် ၁၇ ဦးမှာ ဖြစ်နေကျ ကင်ဆာများ၊ အူ၊ ပန်ကလိယနှင့် ကျောက်ကပ်ကင်ဆာများမှာ […]

ကိုသန်းလွင် – သွေးထဲမှ သကြား

(မိုးမခ) ဒီဇင်ဘာ ၇ ၊ ၂၀၂၄ (၁)   အမေရိကန်ပြည် တွင် လူ ၃ ယောက်တွင် တစ်ယောက်ထက်ပို၍ ဆီးချိုရောဂါအကြို ဖြစ်နေကြသည်။ သွေးထဲတွင် သကြားပါဝင်နှုန်းသည် ရှိသင့်သည်ထက် ပိုများနေပြီး (Type 2) ပုံစံ ၂ ဆီးချိုရောဂါဖြစ်ရန် သေချာနေသည်။ လူ ၁၀ ယောက်တွင် တစ်ယောက်ထက်ပို၍ ဆီးချိုရောဂါဖြစ်နေကြသည်။ ဤရောဂါ၏ အကျိုးဆက်မှာ မျက်စိရောဂါ၊ နှလုံးရောဂါ၊ စထရုတ်နှင့် အခြားအရေးကြီးသော ကျန်းမားရေးဆိုင်ရာ ပြဿနာများ ဖြစ်စေနိုင်ပါသည်။ ထိုပြဿနာများကို သွေးတွင် ပါဝင်သည့် သကြားပါဝင်နှုန်းကို ထိန်းချုပ်ခြင်းအားဖြင့်တားဆီးနိုင်ပါသည်။ သင် ဘာကို စားသည်၊ ဘယ်အချိန်မှာ စားသည်၊ လေ့ကျင့်ခန်းယူခြင်း အလေ့အထ၊ စိတ်ဖိအားကို ဘယ်လောက် များများ ခံစားရသည်တို့ကို သင့်ကိုယ်ခန္ဓာအတွင်းရှိ […]

ကိုသန်းလွင် – နောင်တ တရားဆိုရာဝယ်

(မိုးမခ) အောက်တိုဘာ ၃၀ ၊ ၂၀၂၄ (၁) လူ့လောကကြီးတွင် နောင်တ တရားရှိသင့်၊ မရှိသင့်ဟူ၍ အယူအဆနှစ်မျိုးကွဲပြားလျက်ရှိပါသည်။ တစ် ဖက်က နောင်တ တရားရှိသင့်သည်၊ သို့မှသာ လွန်ခဲ့သော ကာလကအမှားမျိုးထပ်မံမမှားမိစေရန် ကာကွယ်နိုင် မည်။ အခြားတဖက်ကလည်း နောင်တ တရားဟူ၍လုံးဝမရှိသင့်၊ အတိတ်ကာလသည် ကုန်လွန်သွားပြီ၊ ရှေ့သို့ သာဆက်ရန်ရှိတော့သည်ဟူ၍ဖြစ်သည်။ စာပေလောကတွင်နောင်တတရားကို ထိမ်းချုပ်ရန်၊ စီမံခန့်ခွဲရန် အကြံ ပေးချက်များနှင့် ပြည့်နှက်လျက်ရှိပါသည်။ ကွန်ဂရက်၏ စာကြည့်တိုက်တွင် No regret ဟူသော ခေါင်းစဉ်ဖြင့် စာအုပ်အမျိုးပေါင်း ငါးဆယ်ထက်မနည်း ရှိသည်။ ပြောလိုသောသင်ခန်းစာမှာ သေချာပါသည်။ နောင်တတရားသည် မလိုအပ်ပါ။ ကိုယ့်ကိုကိုယ်အရှုံးပေးသလို ဖြစ်နေပါသည်။ နောက်ပြန်ကြည့်သောတရား ဖြစ်ပါသည်။ အနုတ်လက္ခဏာဆောင်သော အတွေးများကို ရှောင်ရှားရမည်ဟုလည်း ဆိုလိုပါသည်။ (၂) […]