ylliX - Online Advertising Network

ရခိုင်နှင့်ချင်းမြို့များလက်လွှတ်လိုက်ရသော စစ်တပ်က မကွေးတွင် စစ်ပြင် – Myanmar Now

ရခိုင်ပြည်နယ် အမ်းမြို့၊ ချင်းပြည်နယ်တောင်ပိုင်းဒေသကို အာရက္ခတပ်တော် (AA) နှင့် ၎င်း၏ မဟာမိတ်များက သိမ်းပိုက်လိုက်ပြီးနောက် စစ်တပ်က  လက်နက်ခဲယမ်း စက်ရုံများရှိရာ မကွေးတိုင်းတွင် စစ်ရေးပြင်ဆင်လာသည်။  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့ကို AA က ဒီဇင်ဘာလအတွင်း သိမ်းပိုက်လိုက်သလို ချင်းပြည်တောင်ပိုင်း မင်းတပ်၊ ကန်ပက်လက်မြို့တို့ကို ချင်းညီနောင်အဖွဲ့က ပြီးခဲ့သည့် ရက်ပိုင်းက ထိန်းချုပ်လိုက်ရာ မကွေးတိုင်းအနောက်မြောက်ဘက်ခြမ်း နယ်စပ်တလျှောက်မှာ တော်လှန်ရေးအင်အားစု၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားပြီဖြစ်သည်။ ထို့ကြောင့်  စစ်တပ်က လက်နက်စက်ရုံအများအပြားရှိသော မကွေးတိုင်းအတွင်း အင်အားစုဖွဲ့ကာ  ခဲယမ်းများ ဖြည့်တင်း၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (မကွေး) PRA ၏ စစ်ဦးစီးချုပ် ကိုနောင်သူရိန်က စစ်တပ်သည် တိုက်ပွဲအတွက် ခဲယမ်း ထပ်မံ ဖြည့်တင်းနေသည်၊  […]