ylliX - Online Advertising Network

ပြည်သူတွေကို လှည့်စားလို့မရတော့တဲ့အချိန် စစ်ကောင်စီအတွက် နေဝင်ချိန်

“စစ်ကောင်စီအတွက်တော့ “မှန်းချက်နဲ့ နှမ်းထွက် မကိုက်” ဖြစ်သွားခဲ့ပါတယ်။ ဖြူဖြူထွေး တင်လိုက်တဲ့ ကြော်ငြာရုပ်သံကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ပုံရိပ်ကျဆင်းဖို့ တရားဝင်လှောင်ပြောင်ဖို့ ဖန်တီးခဲ့တယ်။ အချုပ်နှောင်က ပြန်လွှတ်ဖို့ တောင်းဆိုမှုတွေကိုလျစ်လျူရှုပြီး လူအမြင်မတင့်တယ်တဲ့ ပုံဖျက်မှုနဲ့ သိက္ခာချခဲ့တယ်” ရန်ုနိင် အခုရက်ပိုင်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ဆိုတဲ့ သတင်းစကားတွေနဲ့ နိုင်ငံတကာအာရုံစိုက်မှုတွေ အားကောင်းလာခဲ့ပါတယ်။ တော်လှန်ရေး အောင်မြင်မှုတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ဆိုတဲ့ တောင်းဆိုမှုတွေ ပိုမိုအသံထွက်လာတာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ဖို့ စက်တင်ဘာလကတည်းက တောင်းဆိုခဲ့ပါတယ်။ ဗာတီကန် နန်းတော်မှာ လာရောက်ခိုလှုံနေဖို့အထိ အလေးအနက်ထားပြီး တောင်းဆိုခဲ့တယ်။ “ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ပေးပြီး သူသားနဲ့ ရောမမြို့မှာတွေ့ဆုံနိုင်ဖို့ တောင်းဆိုပါတယ်။ ဗာတီကန်မှာ လက်ခံထားဖို့လည်း အဆိုပြုထားတယ်” ဟု ပုပ်ရဟန်းမင်းကြီးက ၁၂ […]

အိမ်နီးချင်းနိုင်ငံများနှင့် တော်လှန်ရေးအင်အားစု ယူသင့်သော ဆီးရီးယားသင်ခန်းစာ  – Myanmar Now

၂၀၂၄ ခုနှစ် တစ်နှစ်လုံး မြန်မာစစ်တပ် ပြိုလဲလာခြင်းကို မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းက တွေ့မြင်နေရပြီး  ဒီဇင်ဘာလလယ်ပိုင်းတွင် ရခိုင်ပြည်နယ် အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကျသွားရာ  ထိုဖြစ်ရပ်သည် စစ်တပ်  အရှိန်အဟုန်ဖြင့် ပြိုလဲနေခြင်းကို ထပ်မံအတည်ပြု ပေးလိုက်ခြင်း ဖြစ်သည်။  တစ်ပြိုက်နက်ထဲမှာပင် နိုင်ငံတကာရာဇဝတ်ခုံရုံး၏ တရားစွဲအရာရှိကလည်း စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ရှိခဲ့သဖြင့် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးရန် ခုံရုံးသို့ ဦးတိုက် လျှောက်ထားခဲ့ပြီး၊ ခုံရုံးကလည်း  အမိန့်ချမှတ်ရန် ပြင်ဆင်နေချိန် ဖြစ်သည်။  ဤအခြေအနေတွင် မြန်မာ့အိမ်နီးချင်းနိုင်ငံများအနေဖြင့် မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထောက်ခံကာကွယ်မှု ပေးသင့်မသင့် အလေးအနက် စဥ်းစားရတော့မည် ဖြစ်သည်။   ၂၀၂၄ ဒီဇင်ဘာ ၂၁ ရက်နေ့က ဆီးယားနိုင်ငံ […]

ထိုင်းငါးဖမ်းလှေပေါ် အဖမ်းခံရသူမြန်မာ များ၏ လွတ်မြောက်ရေး မျှော်လင့်ချက် – Myanmar Now

မြန်မာနိုင်ငံသား ထားဝယ်ဒေသခံအများစုပါဝင်သည့် ထိုင်းငါးဖမ်းလှေတစ်စင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက် အရုဏ်မတက်မီ မနက်လင်းအားကြီးအချိန်က ကပ္ပလီပင်လယ်ပြင် (ထိုင်းနိုင်ငံ ရနောင်းမြို့နှင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ကြား) အတွင်း ကျက်စားနေသည့် ပင်လယ်ငါးအုပ်ကို ပိုက်ကွန်များဝိုင်းကာ သည်းကြီးမဲကြီးလိုက်၍ ဖမ်းဆီးနေကြသည်။ မိုင်ဝက်ခန့်ရှိသည့် ပင်လယ်ရေပြင်ကို ပိုက်ကွန်များဝိုင်းကာ ငါဖမ်းနေချိန်တွင် ပိုက်ကွန်အတွင်းဖမ်းမိထားသည့် မပြေးနိုင်တော့သော ငါးများကို အလောတကြီး ပြန်လွှတ်ပေးရလိမ့်မည်ဟု မြန်မာလှေလုပ်သားများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ကိုမျိုးဟန် မထင်ခဲ့မိပေ။  လူသားတို့၏ ဖမ်းဆီးခြင်းကိုခံရတော့မည့်ငါးများသည် ပင်လယ်ပြင်အတွင်း ပြေးလွှားနေသကဲ့သို့ ထိုငါးများကို လိုက်ဖမ်းနေသည့် ထိုင်းငါးဖမ်းလှေပေါ်ပါ မြန်မာလုပ်သားတစ်သိုက်သည်လည်း ထိုငါးများကဲ့သို့ ပြေးလွှားရတော့မည်ကို ထိုစဉ်အချိန်က မသိနိုင်ခဲ့ပေ။ ငါးအုပ်တွေ့ထားခြင်းကြောင့် ပိုက်ကွန်များကိုမြန်မြန်တင်၊ ငါးများကို လှေအတွင်းအမြန်သွန်ချပြီး နောက်တစ်ကြိမ် ပိုက်ထပ်ဝိုင်းကာဖမ်းရန်သာ စိတ်လောနေခဲ့ကြသည်။ ဒုတိယတစ်ကြိမ် ထပ်မံပိုက်ပြန်ချရန်ပြင်နေချိန် လှေပေါ်ရှိ […]

မြန်မာ့မြေပေါ် ကျူးကျော်လာမည့် လုံခြုံရေးကုမ္ပဏီအမည်ခံ တရုတ်လက်နက်ကိုင်တပ်ဖွဲ့များ – Myanmar Now

မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးများတည်ရှိရာ နယ်မြေ အများအပြား တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်မှုအောက် တဖြည်းဖြည်း ရောက်ရှိလာပြီးနောက် တရုတ်အစိုးရက  ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း အပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်တစ်လျှောက် အကောင်အထည်ဖော်ရန် ရည်မှန်းထားသော ၎င်းတို့၏ အကျိုး စီးပွားများကို တရုတ်လက်နက်ကိုင်တပ်ဖွဲ့များသုံးပြီး တိုက်ရိုက်ကာကွယ်ရန် ခြေလှမ်းပြင်လာနေပြီ ဖြစ်သည်။  စစ်တပ်နှင့် ဖက်စပ်လုံခြုံရေးကုမ္ပဏီ တည်ထောင်ရေး တရုတ်အစိုးရ၏ အဆိုပြုချက်ကို စစ်ရှုံးခေါင်းဆောင် မင်းအောင်လှိုင်က ခေါင်းငြိမ့်လက်ခံခဲ့ကြောင်း အောက်တိုဘာလ ၂၂ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီ၏ အမိန့် ကြော်ငြာစာအမှတ် (၁၇၄/၂၀၂၄) အရ သိရှိရသည်။ စစ်ကောင်စီသည် ထိုအမိန့်ကို ၎င်းတို့၏ ဝါဒဖြန့်မီဒီယာမှတစ်ဆင့် မြန်မာပြည်သူများ ပွင့်လင်းစွာ သိရှိရန် ထုတ်ပြန်အသိပေးခဲ့ခြင်း မရှိဘဲ၊ နိုင်ငံတော် ပြန်တမ်းတွင်သာ ဖော်ပြခဲ့သည်။     ထိုအမိန့်စာမှာ […]

အခက်ခဲကြား ရုန်းကန်နေကြတဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းသမားများဘဝ – Kachin News Group (KNG)

“ကျွန်တော့်လိုလူလွတ်တစ်ယောက်အနေနဲ့ ထိုင်းနိုင်ငံကို လာခဲ့ရတာတောင်မှ ထမင်းငတ်ခဲ့ရတဲ့နေ့တွေ ခေါက်ဆွဲပြုတ်ကြီးဘဲ စားခဲ့ရတဲ့နေ့တွေအများကြီးကျော်ဖြတ်ခဲ့ရတယ်ဗျ” ဒီလိုအခြေအနေကို ကြုံတွေ့နေသူကတော့ လက်ရှိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ စက်ရုံတစ်ခုမှာ အလုပ်လုပ်နေတဲ့ ကိုကျော်ကြီး(အမည်လွှဲ) ဖြစ်ပါတယ်။  ကိုကျော်ကြီး ထိုင်းနိုင်ငံမရောက်ခင်ကတော့ မြန်မာပြည်မှာ Food Panda delivery အလုပ်လုပ်ရင်း တစ်လကို ၃ သိန်းကနေ ၄ သိန်းထိ ဝင်ငွေရရှိနေသူ ဖြစ်ပါတယ်။  အာဏာမသိမ်းခင်က မြန်မာကျပ်ငွေလည်း တန်ဖိုးရှိနေသေးတဲ့အတွက် တစ်လကို ၃သိန်းကနေ ၄ထိ ဝင်ငွေရှိတဲ့ ကိုကျော်ကြီးအဖို့ စားဝတ်နေရေး အဆင်ပြေတယ်လို့ ပြောလို့ရပေမယ့်  ၂၀၂၁ စစ်ကောင်စီအာဏာသိမ်းပြီးနောက် ပြည်တွင်း ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ အလုပ်အကိုင် ရှားပါးလာမှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ခွာလာဖို့ ဆုံးဖြတ်ချက်ချပြီး ရောက်ရှိလာတာဖြစ်တယ်လို့ ပြောပါတယ်။  တစ်ကိုယ်တည်းသမားဖြစ်တဲ့  ကိုကျော်ကြီးအဖို့ ပိုက်ဆုံအများကြီးရှာမယ်ဆိုတဲ့ရည်မှန်းချက်တစ်ခုတည်းနဲ့ အသိမိတ်ဆွေတွေကတစ်ဆင့် တရားမဝင်အောက်လမ်းကနေ ထိုင်းနိုင်ငံကို ရောက်လာခဲ့တာဖြစ်ပါတယ်။  ခုဆို ထိုင်းနိုင်ငံရောက်တာ ၄ နှစ်ကြာလာပြီး ကြုံရာကျပန်း ဆောက်လုပ်ရေး၊ကောစန်း(ပရံ)နဲ့ စက်ရုံအလုပ်တွေ လုပ်ကိုင်နေရကာ မှန်းချက်နဲ့နှမ်းချက်မကိုက် ဒုက္ခအခက်ခဲပေါင်းစုံ ရင်ဆိုင်နေရပါတယ်။ အလုပ်တစ်ခုရဖို့ တရားဝင်အထောက်အထားတွေမရှိသလို ထိုင်းဘာသာစကားကိုလည်း သေချာတတ်မြောက်ထားခြင်းမရှိတာကြောင့် ပွဲစားတွေကတစ်ဆင့် အလုပ်ရှာကြရပြီး ပွဲစားတွေကို အလုပ်ချိတ်ပေးခ ဘတ် ၃ ထောင်ဝန်းကျင်ကနေ လက်ရှိ ပွဲစားခလည်း ဘတ် ၅ထောင်ကနေ ၇ ထောင်ထိ ပေးရတယ်လို့ သူကပြောပါတယ်။  ခုလိုအခြေအနေတွေကြောင့် အထောက်မထားမရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ပွဲစားခမတတ်နိုင်ကြတဲ့အတွက် အလုပ်လက်မဲ့ဖြစ်ပြီး စားဖို့သောက်ဖို့မရှိတော့တဲ့အထိ ကြုံတွေ့နေရသလို လုပ်ငန်းခွင်မှာလည်း လုပ်ခလစာခေါင်းပုံဖြတ်ခံရတာတွေ ရှိနေတယ်လို့ ကိုကျော်ကြီးက ခုလိုဆိုပါတယ်။ “အလုပ်ထဲမှာ ၁၅ ရက်တစ်ကြိမ်ပိုက်ဆံထုတ်ပေးရမှာဖြစ်ပေမယ့် တစ်လလောက်ကြာမှထုတ်ပေးတာမျိုး၊ လုပ်အားခက တစ်နေ့ ၄၀၀ ရရမယ်ဆိုရင် ၃၅ ၀ဘဲရပြီး ကျန်တဲ့၅၀က ပွဲစားနဲ့ ဝန(ခေါင်းဆောင်)တွေကို ပေးလိုက်တာမျိုးလုပ်ကြတယ် အဲလိုဟာမျိုးတွေကလတိုင်းဘဲ ခေါင်းပုံဖြတ်နေကြတာ အဆိုးဆုံးကတော့ လုပ်အားခ တစ်ပြားမှမရတာတွေလည်း ရှိတယ်”လို့သူကပြောပါတယ်။ ကိုကျော်ကြီးလို ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ လုပ်ခလစာဖြတ်ခံရပေမယ့် တိုင်တန်းမယ့်နေရာမရှိသလို ကူညီဖြေရှင်းပေးတဲ့သူတွေလည်း မရှိဘူးလို့ ပြောပါတယ်။ ထိုင်းနိုင်ငံအလုပ်လုပ်ကိုင်ဖို့ရောက်ရှိလာတဲ့ သူတွေထဲမှာ မစု(အမည်လွှဲ)လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ မစုက စစ်ကောင်စီအာဏသိမ်းပြီးနောက်မှ ရောက်ရှိလာတာမျိုး ၂၀၁၄ ခုနှစ်ကနေ ထိုင်းနိုင်ငံကိုရောက်ရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။  မစုက မွေးကင်းစအရွယ်ထဲက မိဘနှစ်ပါးအိမ်ထောင်ကွဲသွားတဲ့အတွက် ငယ်ကတည်းကနေ အဒေါ်တွေနဲ့သာနေခဲ့ရသူဖြစ်တယ်လို့ ဆိုပါတယ်။ ဆွေမျိုးတွေဖြစ်တဲ့ အဒေါ်တွေနဲ့သာနေခဲ့ရတဲ့အတွက် အိမ်အလုပ်တွေကိုဘဲ အမြဲဦးစားပေးလုပ်ခဲ့ရသလို ကျောင်းတက်ဖို့ထောက်ပံ့ပေးမယ့် မိဘမရှိတော့ ၄ တန်းထဲကကျောင်း ဆက်မတက်ဖြစ်တော့ပဲ အိမ်အလုပ်နဲ့သာ နပန်းလုံးနေရသူပါ။ သူမအသက် ၁၄ နှစ်ဝန်းကျင် ထိုင်းမှာအလုပ်လုပ်နေတဲ့ မိခင်ဖြစ်သူ ရောက်လာပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ အလုပ်အတူခေါ်လုပ်ခဲ့တာဘဲ ဖြစ်ပါတယ်။ဒါပေမယ့် မိခင်ဖြစ်သူဟာ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပြောင်းရွှေ့သွားပြီး နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မှာ သူမကျန်နေခဲ့တယ်လို့ ဆိုပါတယ်။ မဲဆောက် စရောက်ချင်း အလှကျောက်သွေးတဲ့ စက်ရုံမှာ နေစရာလည်းပေးတဲ့အတွက် အလုပ်ဝင်လုပ်ခဲ့ပေမယ့် လုပ်အားခကို သတ်မှတ်ရက်ထက်ကျော်လွန်ပြီးပေးဆောင်တာမျိုးတွေအပြင် တစ်ခါတစ်ရံ လုပ်ခလစာကို အပြည့်အဝမရတာ တစ်နှစ်ကျော်ကြုံလာရပေမယ့်  နေဖို့၊စားဖို့ခက်ခဲတဲ့အတွက် အောင့်ခံကာနေထိုင်လာတာလို့ ပြောပါတယ်။ “လစာမှန်လည်း မမှန်လည်း နှစ်သိမ့်ပြီးတော့ နေနေရတာ အချိန်တန်လို့ သုံးလေးလလောက်စုပြီး ကိုယ်လစာရလာတဲ့အခါကျတော့ ကိုယ်ကချေးငှားစားထားတော့ပိုက်ဆံကမကျန် ပိုက်ဆံအကြောင်းလည်းနားမလည်တော့ ထမင်းစားရရင်ပြီးရောဆိုပြီးနေခဲ့တာ”လို့ဆိုပါတယ်။ မစုက လုပ်ခလစာပုံမှန်မရတဲ့နေရာမှာ တစ်နှစ်ဝန်းကျင်လုပ်ခဲ့ပြီးနောက် သူမအမေရှိတဲ့ ဘန်ကောက်မြို့ကို ပြန်ရောက်ခဲ့ပြီး လက်ရှိချိန်ထိ ဘန်ကောက်မြို့မှာအိမ်အကူလုပ်ရင်း အတော်အသင့်အဆင်ပြေနေပြီလို့ သိရပါတယ်။ ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားတွေအများစုဟာ တရားမဝင်အောက်လမ်းကနေ ရောက်ရှိလာကြသူတွေများပြီး ထိုင်းနိုင်ငံကိုရောက်မှ ပန်းရောင်ကတ်ခေါ် (အလုပ်သမားကတ်)ကိုပြန်လည်လုပ်ဆောင်ကြတာဘဲ ဖြစ်ပါတယ်။  ဒါကြောင့် လုပ်ခလစာခေါင်းပုံဖြတ်ခံရသူတွေအနေနဲ့ တရားဝင်အထောက်အထားမရှိချိန်တွေမှာ ရွေးချယ်စရာမရှိတဲ့အတွက် သိလျှက်နဲ့ သည်းခံပြီးအလုပ်ဆက်လုပ်နေကြတဲ့သူတွေ ဒုနဲ့ဒေးရှိနေပါတယ်။  တရားဝင်အထောက်အထားရှိတဲ့သူတွေကလည်း ထိုင်းအစိုးရချမှတ်ထားတဲ့ ဥပဒေအရ နိုင်ငံခြားသားတွေအနေနဲ့ ကိုယ်ပိုင်အလုပ်၊ ကိုယ်ပိုင်ဆိုင်ဖွင့်ပြီး ဈေးရောင်းခွင့်မရှိသလို အလုပ်သမားခေါင်းနဲ့ ပွဲစားလိုအလုပ်မျိုးလည်း လုပ်ခွင့်မရှိပိတ်ပင်ထားတာ ဖြစ်ပါတယ်။ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ထိုင်းအစိုးရသတ်မှတ်ထားတဲ့ အလုပ်တွေဟာ အခြေခံအလုပ်တွေဖြစ်တဲ့ စက်ရုံဝန်ထမ်း၊ အိမ်အကူနဲ့ ကော်စန်း(ပရံ)အလုပ်တွေသာ လုပ်ကိုင်နေရပြီး အပိုရတဲ့ အချိန်ပိုင်းအလုပ်တွေလုပ်ကိုင်နိုင်ဖို့ခဲယဉ်းကြတာဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံတွင်း ကြုံရာကျပန်းလုပ်ကိုင်ချိန် လုပ်ခလစာခေါင်းပုံဖြတ်ခံရမှုတွေအပြင် တရားမဝင်အောက်လမ်းကနေ ဝင်လာတာကြောင့် ထိုင်းအစိုးရဖမ်းဆီးခံရတာတွေလည်း များနေတယ်လို့ သိရပါတယ်။ ထိုင်းအစိုးရကနေပြီးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြီးခဲ့တဲ့ဇွန်လ ၅ ရက်နေ့ကနေ အောက်တိုဘာလဆန်းအထိ ရက်ပေါင်း၁၂၀ စစ်ဆင်ရေးအနေနဲ့ ဖမ်းဆီးမှုတွေပြုလုပ်ခဲ့ပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့အထိ တရားမဝင်လုပ်သား၂၅၆၂၁၃ ဦးဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး မြန်မာလုပ်သားကတော့ ၁၉၃၄၃၀ ဦးထိရှိခဲ့တယ်လို့ ထိုင်းနိုင်ငံအလုပ်သမားရေးဝန်ကြီးဌာနကနေပြီးတော့ ထုတ်ပြန်ထားတာဘဲ ဖြစ်ပါတယ်။ ခုလိုအခြေအနေတွေဟာ အဓိကတော့အားဖြင့် မြန်မာအစိုးရတွေကနေပြီးတော့ ကိုယ့်ရဲ့နိုင်ငံသားတွေကို အလုပ်သမားအခွင့်အရေးရအောင်ထဲထဲဝင်ဝင် အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ခြင်းမရှိခြင်းကြောင့်ဖြစ်တယ်လို့ အလုပ်သမားကူညီစောင့်ရှောက်သူတွေက ပြောပါတယ်။ ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့လည်း အလုပ်သမားအခွင့်အရေးနဲ့မညီညွှတ်ဘဲခိုင်းတဲ့အချိန်တွေမှာတောင် နောက်ထပ်အလုပ်သမားအသစ်တွေကရှိနေတာမျိုး‌တွေကြောင့် နေ့စဉ်နဲ့အမျှအလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်ခံနေရတာဖြစ်တယ်လို့ အလုပ်သမားကူညီစောင့်ရှောက်သူလည်းဖြစ် ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်းဒေးရှင်း(Foundation For Education and Development- FED)အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က သုံးသပ်ပြောဆိုပါတယ်။ ဒါကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ငွေကြေးခေါင်းပုံဖြတ်ခံရမှုတွေကို ကာကွယ်နိုင်ဖို့အတွက်ဆိုရင် ဘယ်လိုအခက်အခဲဘဲရှိနေပါစေ ပထမဦးဆုံး တရားဝင်အထောက်အထားတွေရှိထားသင့်တယ်လို့ သူအနေနဲ့ အကြုံပြုထားပြီး ကိုယ့်ကိုယ်ကို အစိုးရလို့ခံယူထားတဲ့ စကစ အစိုးရဖြစ်ဖြစ် NUGအစိုးရဖြစ်ဖြစ် မြန်မာရွှေ့ပြောင်းလုပ်သားအခွင့်အရေးကို ကာကွယ်ဖို့ တာဝန်ရှိတယ်လို့ ခုလိုပြောပါတယ်။ “ရွှေ့ပြောင်းအလုပ်သမားရေးဆိုတာ မြန်မာနိုင်ငံလို စစ်ဖြစ်နေတဲ့နိုင်ငံကို အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ ရွှေ့ပြောင်းလာတဲ့နိုင်ငံသားတွေကို ပညာရေး၊ ကျန်မာရေး၊ အလုပ်သမားအခွင့်အရေးတွေ ကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်တယ်။ ကျွန်တော်တို့လို စစ်ဖြစ်နေတဲ့နိုင်ငံတွေမှာ နောက်ပိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ဖို့ နိုင်ငံတကာမှာရောက်ရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခန်းကဏ္ဍက ပိုပြီးကြီးမားလာမယ့်လို့ ကျွန်တော်တို့က မျှော်လင့်ပါတယ်။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ဖွံ့ဖြိုးရေး၊ ပညာရေးကိစ္စတွေကို အစိုးရတွေအနေနဲ့ စနစ်တကျဆောင်ရွက်ပြီးတော့ အခုလာမယ့်မြန်မာပြည်ထူထောင်ရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ ရွှေ့ပြောင်းအလုပ်သမားရေးကိစ္စကို အမျိုးသားရေးတစ်ရပ်တာဝန်အနေနဲ့ဆောင်ရွက်ကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” လိုဆိုပါတယ်။  ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့ တရားဝင်အထောက်အထားနဲ့ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားအရေအတွက်ဟာ ၂၀၂၃ အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ၁,၇၂၆,၁၄၉ ဦးထိရှိတယ်လို့ ထုတ်ပြန်ထားပြီး နိုင်ငံတကာ ရွှေ့ပြောင်းလုပ်သားအဖွဲ့အစည်း IOM(International Organization for Migration)ရဲ့ ၂၀၂၄ ဧပြီလ ထုတ်ပြန်ချက်မှာတော့ ၂၀၂၃ ဇန်နဝါရီလကနေ ၂၀၂၄ မတ်လအတွင်း ၂,၃၀၈,၁၁၆ဦးထိရှိခဲ့တယ်လို့ ဖော်ပြထားတာဘဲ ဖြစ်ပါတယ်။ ဒီမတူညီတဲ့အဖွဲ့အစည်းနှစ်ခုရဲ့ ထုတ်ပြန်ချက်တွေကို နှိုင်းယှဉ်ကြည့်လို့ရှရင်၂၀၂၃ ဒီဇင်ဘာလကနေ ၂၀၂၄ဒီဇင်ဘာလအတွင်းမှာဘဲ တရားဝင်အထောက်အထားရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်အသားဟာ ၅၈၁,၉၆၇ ဦးထိတိုးလာတာကို မြင်တွေ့ရတာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးတက်ကြွလှုပ်ရှားသူအများစု သုံးသပ်ပြောဆိုချက်ကြတာကတော့ တရားဝင်အထောက်အထားရှိသူအရေအတွက်နဲ့ တရားမဝင်နေထိုင်သူအရေအတွက်အားလုံးပေါင်းရင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅ သန်းဝန်းကျင်ရှိတယ်လို့ဆိုပါတယ်။ By – Hope The post အခက်ခဲကြား ရုန်းကန်နေကြတဲ့ ထိုင်းရောက်မြန်မာရွှေ့ပြောင်းသမားများဘဝ appeared first on Kachin […]

ထားဝယ်တန်ဆောင်တိုင် စည်သတဲ့လား – Dawei Watch

သပိတ်မျှောပွဲနဲ့ ရှမ္မလည်ဆွဲမမဘုရားပွဲက အစချီတဲ့ ဒီနှစ်ပွင့်လင်းရာသီအစဟာ အရင်‌လေးနှစ်ကနဲ့မတူ ခပ်မြူးမြူးနဲ့ တာထွက်လာပါတယ်။ လေးဖက်လေးတန်သော မြို့ဝင်ပေါက်တွေမှာ ခပ်မြင့်မြင့် ဘန်ကာတွေနဲ့ ပိတ်ဆို့ခြိမ်းခြောက်ခံနေရတဲ့ အကျဉ်းစံတိုင်း မြို့ရွှေဝယ်ရဲ့ တန်ဆောင်တိုင်ကလည်း မြို့ခံတွေရဲ့ လေးနှစ်အကြာ အောင့်လုံးကြားမှာ ပေါက်ကွဲထွက်လာပါတယ်။ ဒါဟာ ၂၀၂၀ ကိုဗစ်နဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့ခံထောင်သောင်းချီပါဝင်တဲ့ ပထမဆုံး ထားဝယ်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်လို့ဆိုနိုင်ပါတယ်။ အာဏာမသိမ်းခင်က ကြီးကျယ်ခမ်းနားလှစွာ စည်ကားလှတဲ့ တန်ဆောင်တိုင်ပွဲကို မမီသေးပေမယ့် သူ့အတွက်တော့ အလွမ်းတစ်ဝက်ပြေပျောက်စေခဲ့တယ်လို့ အသက်ကြီးပိုင်း ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက မှတ်ချက်ပြုပါတယ်။ “အရင်က အရသာမျိုးတော့ သုံးပုံတစ်ပုံ ပြန်ခံစားရတယ်။ အလွမ်းပြေတစ်ဝက် မပြေတစ်ဝက်ပဲ” လို့ ရပ်ကွက် ဘုရားဂေါပကတစ်ဦးလည်းဖြစ်တဲ့ အဲဒီမြို့ခံက ဆိုပါတယ်။ ထားဝယ်တန်ဆောင်တိုင်ဆိုတာ နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ နှစ်ပေါင်းတစ်ရာကျော် ကြာလာပြီဖြစ်တဲ့ ဓလေ့တစ်ခုပါ။ […]

စစ်မီးရှောင်တစ်ယောက်၏ ရွာငံ ခရီးသွားအတွေ့အကြုံ   – Myanmar Now

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့လေးသို့ ရောက်ရန်  ၂ နာရီသာ လိုတော့ကြောင်း မြေပုံညွှန်းဆိုချက်ကိုကြည့်ကာ စိတ်ရွှင်လန်းလာသည်။  မိတ်ဆွေတစ်ဦးနှင့်အတူ  မန္တလေးမှ ကျောက်ဆည်မြို့အထိ  တစ်နာရီခွဲနီးပါး ဆိုင်ကယ်စီး ခရီးနှင် လာခဲ့ရသည်။  တိုက်ပွဲများနီးကပ်လာပြီး လူနေမှုကြပ်တည်းခက်ခဲလှသည့် မန္တလေးမြို့မှ ရွှေ့ပြောင်းသွားလိုသောကြောင့် ရွာငံသို့ သွားနေခြင်းဖြစ်သည်။ မန္တလေးနှင့်ကျောက်ဆည်မြို့ ဆိုင်ကယ်ခရီးမှာ နာရီဝက်ကျော်မျှသာ ရှိသော်လည်း လမ်းတွင်   ရဲကင်းဂိတ်အများအပြားရှေ့   ဆိုင်ကယ်ရပ်၊ လမ်းလျှောက်အစစ်အဆေးခံနေကြရသောကြောင့် အချိန်ကုန်လွန်းလှသည်။  ထိုအခြေအနေသည် အာဏာသိမ်းပြီးနောက်မှ ဖြစ်ပေါ်လာခြင်းပင်။  နိုင်ငံအနှံ့စစ်အာဏာသိမ်းမှု ဆန့်ကျင်ခဲ့သူများကို ပစ်ခတ်သတ်ဖြတ်နှိမ်နှင်းခဲ့သည့် စစ်တပ်က ၃နှစ်ကျော်အကြာ အာဏာသိမ်းမှုဆန့်ကျင်သူတို့မှ ပေါက်ဖွားလာသည့် လက်နက်ကိုင်တော်လှန်သူတို့၏ ရန်ကြောင့်  နောက်ကျောမလုံ ဖြစ်နေကြသည်။ အတွေးစတို့ ခေတ္တရပ်တန့်သွားသည်။     ကျောက်ဆည်မြို့နယ်အတွင်း  သံရွာရဲစခန်းရှေ့ စစ်ဆေးရေးဂိတ်တွင် ကွန်ကရစ်ဖြင့် ဆောက်လုပ်ထားသည့် အလုံပိတ်ကင်းမျှော်စင်နှစ်ခု ရှိသည်၊ […]

စစ်သင်တန်းကျောင်းမရောက်မီ ပင်လယ်ဖြတ်ပြီး လွတ်မြောက်လာသူများ – Myanmar Now

၂၉ နှစ်အရွယ် ထားဝယ်သားကိုဖြိုးသည် သူဆန့်ကျင်သည့် စစ်ကောင်စီတပ်ထဲတွင် တပ်သားဖြစ်လာမည်ဟု တစ်ကြိမ်တစ်ခါမှပင် မတွေးမိခဲ့။ ၂၀၂၁ ဖေဖော်ဝါရီလက အရပ်သားအစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းခြင်း၊ ဆန့်ကျင်သူများကို ရက်ရက်စက်စက်သတ်ဖြတ် နှိမ်နှင်းခြင်း၊ ဆယ်စုနှစ်ပေါင်းများစွာ တိုင်းပြည်အာဏာကိုချုပ်ကိုင်ထားခြင်း စသည့် စစ်တပ်၏ လုပ်ရပ်တို့ကို လမ်းပေါ်ထွက် ဆန့်ကျင်သူများထဲတွင် ကိုဖြိုးလည်း အပါအဝင်ဖြစ်သည်။   အာဏာသိမ်းပြီး သုံးနှစ်ခွဲခန့်အကြာ ၂၀၂၄ ဇူလိုင်လတွင် နိုင်ငံတောင်ပိုင်း ထားဝယ်မြို့သား ကိုဖြိုးသည် တချိန်က ကိုယ်ဆန့်ကျင်ကန့်ကွက်ခဲ့သည့် အာဏာသိမ်းစစ်တပ်တွင် တပ်သားသစ်တစ်ယောက်ဖြစ်လာခဲ့သည်။  ထိုင်းနိုင်ငံသို့ သွားရောက်ပြီး တရားမဝင်နေထိုင်စဉ် ဖမ်းဆီးခံရပြီး  မြန်မာပြည်ဘက်သို့ လွှဲပြောင်းခံကြရသည့် ကိုဖြိုးနှင့် အခြား အမျိုးသားအများအပြားကို  စစ်တပ်က ထပ်မံထိန်းသိမ်းပြီး စစ်သားသစ်အဖြစ် အလွယ်တကူ စုဆောင်းလိုက်လေသည်။ နိုင်ငံအနှံ့စစ်မျက်နှာ ဖွင့်ထားရသဖြင့် လူအင်အားလိုနေသည့် စစ်ကောင်စီသည် ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ […]

စစ်ဘေး၊ရေဘေးကြား တောင်သူများ၏ အကျပ်အတည်းနှင့် စားနပ်ရိက္ခာဖူလှုံမှု – Myanmar Now

လွန်ခဲ့သည့် ၁၆ နှစ် ၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံတွင်း လူပေါင်း သိန်းနှင့်ချီ သေဆုံးခဲ့ရသော နာဂစ်မုန်တိုင်း အတွေ့အကြုံ ရှိလင့်ကစား စက်တင်ဘာ ဒုတိယပတ်အတွင်း ရာဂိမုန်တိုင်း သဘာဝဘေးအန္တရာယ်ကျ ရောက်ချိန်တွင် အာဏာသိမ်းထားသည့် စစ်ဗိုလ်ချုပ်များ   ကြိုတင်ပြင်ဆင်ခြင်းမရှိသည့် အတွက်  ပြည်သူတို့ ထိခိုက်မှု များပြားခဲ့သည်။ ရာဂိမုန်တိုင်းကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီး ရေလျှံမှုများ၊ မြေပြိုများ ဖြစ်ပေါ်ကာ လူပေါင်းရာနှင့်ချီ သေဆုံး၊ လူ ၁ သန်းခန့် ရေဘေးဒုက္ခ ကြုံတွေ့ခဲ့ရသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင် ဘာလ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီကလည်း ရေဘေးကြောင့်   ၄၃၆ ဦး သေဆုံး၊ ၆၆ ဦး […]