ylliX - Online Advertising Network

ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း၊ မကွေးတိုင်းတွေကို စစ်ပွဲရောက်လာနိုင်သလား

မိုးမခ၊ ဇန်နဝါရီ ၁၄၊ ၂၀၂၅ ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း ၊ ပဲခူးတိုင်း၊ မကွေးတိုင်းတွေကို စစ်ပွဲရောက်လာနိုင်သလား  ရက္ခိုင့်တပ်တော် AA အနေနဲ့ ခုလပိုင်းတွေမှာ ရခိုင်ပြည်နယ် တောင်ပိုင်း အနောက်ဘက် ရခိုင်ကမ်းရိုးတန်းက တောင်ဘက်အကျဆုံး မြို့နယ်ဖြစ်တဲ့ ဂွမြို့နယ်ကို သိမ်းယူပြီး ဂွ-ငါးသိုင်းချောင်းကားလမ်း ပေါ်က စစ်ဆေးရေးဂိတ်ကိုလည်း သိမ်းယူခဲ့ပါတယ်။  ရခိုင်ကမ်းရိုးတန်းဘက်မှာ ရခိုင်ပြည်နယ် နယ်နိမိတ် အဆုံးထိ တိုက်ခိုက်သိမ်းယူထားပြီး ရခိုင်ပြည်နယ် အရှေ့တောင်ပိုင်းနဲ့ အရှေ့ဘက် နယ်နမိတ်မျဉ်းအတိုင်း ထိစပ်နေတဲ့ ပဲခူးတိုင်း၊ မကွေးတိုင်း နယ်စပ်တွေမှာလည်း တိုက်ပွဲတွေ ရောက်ရှိလာပါတယ်။ အချို့သောဒေသတွေမှာတော့ ဒေသအလိုက် ဖွဲ့စည်းထားတဲ့ PDF အဖွဲ့တွေနဲ့ AA တို့ ပူးပေါင်း တိုက်ခိုက်ကြတဲ့ လက္ခဏာတချို့လည်း သတင်းတွေမှာ ဖော်ပြပါရှိကြတာ တွေ့ရပါတယ်။  […]

ရိဒ်ခေါ်ဒါမြို့နဲ့ ထိစပ်နေတဲ့ အဝင်အထွက်ဂိတ်ကို အိန္ဒိယဘက်ကပိတ် – PCT NEWS HOMEPAGE

မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ရိဒ်ခေါ်ဒါမြို့နဲ့ ထိစပ်နေတဲ့ အိန္ဒိယနယ်စပ် ဇိုးခွားထားလ်မြို့က အဝင်အထွက်ဂိတ်ကိုအိန္ဒိယစစ်တပ်၊ အာသံရိုင်ဖယ်တပ်ရင်းက ပိတ်ထား‌ကြောင်း သိရသည်။ ယခုပိတ်ထားတဲ့ အမှတ်(၂) ကုန်သွယ်ရေးတံတားအပြင် အခြားဝင်ပေါက်တွေဖြစ်တဲ့ တလန်းစန်၊ ရွန်တလန်၊ မဲဘုတ်၊ ဝီလီကိုင်ဂိတ်တွေကိုပါပိတ်ထားအခုလိုမျိုးပိတ်ထားတာက ချင်း PDF အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ ဟွားငိုလ်းအဖွဲ့က ရိဒ်ခေါ်ဒါမြို့ကို ထိန်းချုပ်ပြီးနောက်မှာအိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တွေဆီကိုမူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုနဲ့ တရားမဝင်ကုန်သွယ်မှုတွေများပြားလာပြီး မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုအစိုးရမဟုတ်တဲ့ အတွက်တေဆွးနွေးညှိနှိုင်းလို့ မရတာကြောင့် ပိတ်ရခြင်းဖြစ်တယ်လို့သိရှိရသည်။ Source link