ကယားပြည်နယ်၊ လွိုင်လင်လေးမြို့ ထီးစဲခါးရွာ ကျောင်းတိုက်မှ သံဃာများ ခရီးသွားနေစဉ် နိုဝင်ဘာ ၃၀ ရက်နေ့က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရစဉ် တစ်ပါး သေဆုံးပြီးနောက် မည်သည့်အဖွဲ့က တိုက်ခိုက်ခြင်း ဖြစ်သည်ကို မျက်မြင်သက်သေဖြစ်သော သံဃာ ၄ ပါးက မိန့်ကြားခြင်း မပြုသေးပေ။ မျက်မြင်သက်သေ သံဃာများအနက် ၂ ပါးမှာ ဒဏ်ရာရထားသဖြင့် တောင်ကြီးမြို့ စစ်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။ ထီးစဲခါးရွာကျောင်းတိုက်မှ ဆရာတော်များသည် ထီးစဲခါးရွာမှ မြောက်ဘက်ရှိ ဆီဆိုင်မြို့သို့ နိုဝင်ဘာ ၃၀ ရက်တွင် ကားဖြင့်သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်။ သာသနာရေးအဖွဲ့ ကားနံပါတ်ပြားအဝါရောင်တပ် မော်တော်ယာဉ်ငယ်၏ ဘေးမှန်၊ “ထီးစဲခါးရေတံခွန်ကျောင်းတိုက်” စာတန်းပါ ကားနောက်မှန်တို့ ကွဲနေသည်ကို အွန်လိုင်းတွင် ပျံ့နှံ့နေသည့် မှတ်တမ်းဓာတ်ပုံတွင် တွေ့ရသည်။ အရှေ့ပိုင်းတိုင်း တိုင်းမှူးဗိုလ်ချုပ်ဇော်မင်းလတ်က ဒဏ်ရာရ […]