ylliX - Online Advertising Network

မျိုးသန့်ထွန်း(စစ်ကိုင်း) – စာဖတ်ရမယ် – MoeMaKa Media

(မိုးမခ) ဇန်နဝါရီ ၁၈ ၊ ၂၀၂၅ လူရာဝင်ချင်ရင် စာဖတ်ရမယ်။ စာရေးရမယ်လို့ ဆရာမောင်သာနိုးက ပြောဖူး၊ ရေးဖူးပါတယ်။ လူရာဝင်ဖို့ စာရေးရမယ်လို့ ဆရာစွမ်းကလည်း ပြောဖူးပါတယ်။ အဓိကတော့ စာရေးတဲ့သူပဲဖြစ်ဖြစ်၊ စာမရေးတဲ့သူပဲ ဖြစ်ဖြစ် စာဖတ်ရမယ်။ စာမဖတ်ရင် လူဟာ လူတုံး ဖြစ်သွားတတ်တယ်။ ဆရာမြသန်းတင့်က စာမဖတ်ဘဲ စာရေးတဲ့သူနဲ့ စာတွေဖတ်ပြီး စာမရေးတဲ့သူတို့ဟာ “အကန်းနှင့် အမြုံ” တူကြောင်း ရေးဖူးပါတယ်။ စာဖတ်တယ် ဆိုတာ ပေါက်တတ်ကရစာတွေ ဖတ်ရင်တော့ လူတောမတိုးနိုင်ဘဲ ရှိပါလိမ့်မယ်။ အချို့က သတင်းစာကလွဲ၍ ဘာစာမှပဲ မဖတ်တဲ့လူ ရှိတယ်။ ထိုလူဟာ တစ်ဖက်နားပေါက်တဲ့သူဖြစ်သွားတတ်ပါတယ်။ သတင်းစာမှာ အစိုးရထုတ်တဲ့ သတင်းစာကိုပဲ ဖတ်တဲ့လူဟာ ကျွဲပါးစောင်းတီးသလိုပဲ ဖြစ်မယ်။ စာဖတ်ချင်တဲ့သူဟာ စာကြည့်တိုက်ကို သွားရပါမယ်။ […]

မျိုးသန့်ထွန်း(စစ်ကိုင်း) – ရိုးရိုးကျင့် မြင့်မြင့်ကြံတဲ့ လယ်သမားကြီး ဂျင်မီကာတာ (၁၉၂၄-၂၀၂၄)

(မိုးမခ) ဇန်နဝါရီ ၁၅ ၊ ၂၀၂၅ အမေရိကန်ပြည်ထောင်စုမှာ အောက်ခြေ တောင်သူလယ်သမားဘဝမှ အမြင့်ဆုံးသမ္မတရာအထူးကို ၃၉ ဦးမြောက် တက်လှမ်းနိုင်သူတွေထဲမှာ ရှားရှားပါးပါး ဂျင်မီကာတာ တစ်ဦးတည်သားရှိပါတယ်။ပြီးတော့သမ္မတ  ရာထူးမှ အနားယူအချိန်မှာ လူသားအကျိုးကို သက်တမ်းပြည့် ဆောင်ရွက်သွားခဲ့ပါတယ်။ ဂျင်မီကာတာဟာ လူသားချင်း စာနာထောက်ထားမူတွေကို ကိုယ်ချင်စားတရားအပြည့် စိတ်ထားတတ်သူတစ်ဦး ဖြစ်ပါတယ်။ သူ့ကို လောကကြီးက နှစ်ပေါင်း ၁၀၀ အထိ လူ့သက်တမ်းကြာကြာနေထိုင်ပီး လူ့သားအကျိုးပြုလုပ်ဖို့ သက်တမ်းပေးသွားခဲ့သလားလို့အောက်မေ့မိပါတယ်။ကမ္ဘာမှာ ရှားပါးလူ့သက်တမ်း ၁၀၀ ပြည့် နေထိုင်သွားတဲ့ အမေရိကန်သမ္မတကြီးလို့ ပြောလိုရပါတယ်။ သူ့သက်တမ်းပြည့် နေထိုင်သွားဖို့ရယ် လူသားကောင်းအကျိုးအတွက် အလုပ်လုပ်တဲ့ လူသားတစ်ဦးလို့ဆိုနိုင်ပါတယ်။သမ္မတဂျင်မီကာတာဟာ အသက် ၁၀၀ ပြည့်မှာ ကွယ်လွန်သွားတဲ့အချိန်မှာ စာရေးသူမှာ အမေရီကန်ရဲ့ မြို့တော် နယူးယောက်မြို့ကို ရောက်ရှိနေခဲ့ပါတယ်။ အခုဆို […]