သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးနှင့် ပွေးနဖားရွာကြားတွင် အမျိုးသားတစ်ဦး အသတ်ခံထားရသည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ (၂) ရက်တွင် နွားဘန်းကြီးကျေးရွာအုပ်စု ပွေးနဖားကျေးရွာရှိ နာရေးတစ်ခု၌ ဖဲကစားကြပြီး ဖဲနိုင်သွားသည့် (အသက် ၅၀) အရွယ် ကိုသားငယ်ကြီး ဆိုသူသည် နွားဘန်းကြီး ကျေးရွာနှင့် ပွေးနဖားကျေးရွာကြားတွင် အသတ်ခံရကြောင်း ဒေသခံ အမျိုးသား တစ်ဦးထံမှ သိရသည်။ အဆိုပါ အသတ်ခံရသည့် အမျိုးသားသည် ရွာငံမြို့ ဈေးတန်းရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး နာရေးနှင့် ပွဲလမ်းသဘင်များတွင် လောင်းကစားရုံ၌ အမြဲတွေ့ရလေ့ ရှိသူဖြစ်သည်။ “သူကလောင်းကစားနဲ့ အကျိုးပေးတယ် ပြောရမယ်။ အသုဘလဲ သူပါတယ်။ ဂျင်ဝိုင်းတွေလည်း သူပါတယ်။ သူက နိုင်တာများတယ်။အခုလဲ သူက ဖဲနိုင်တော့ ရှုံးတဲ့အဖွဲ့က သတ်လိုက်ကြတာ ဖြစ်မယ်။ […]
ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့် မြို့နယ်၊ တောင်ပိုင်းရပ်ကွက်၊ ရန်ကုန်/ပြည်လမ်းမဘေး ပညာရေးစီမံခန့်ခွဲမှုကျောင်းတွင် ယနေ့နံနက် ၁ နာရီ ၅၅ မိနစ်အချိန်ခန့်က အမျိုးသား တစ်ဦးကြိုးဆွဲချသေဆုံးနေကြောင်း သိရသည်။ သေဆုံးသူမှာ ဦးသိန်းဟန်၊ အသက် ၄၅ နှစ်၊ (ဘ)ဦးကျော်သာ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဗန်းမော်ခရိုင်ပညာရေးမှူးရုံးမှ ဖြစ်ပြီး အမြင့်ပေ ၇ ပေခန့်ရှိ အခန်းနံရံတွင် ၄ လက်မသံဖြင့်ရိုက်ထားသော သံငုပ်၌ ပုဆိုးထုံးချည်နှောင်၍ ၎င်း၏လည်ပင်းအားစွပ်လျက် လျှာထွက်သေဆုံးလျက်ရှိကြောင်း သိရသည်။ အဆိုပါသေဆုံး ခန္ဓာကိုယ်အား သက်ဆိုင်ရာက စစ်ဆေးကြည့်ရှုပြီး ရဲလုပ်ငန်းအပြည့်အစုံဖြင့် အင်းစိန်ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။ Join – https://t.me/MyanmarNationalPost Source link
ကယား( ကရင်နီ)ပြည်နယ် ၊လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက်တွင် ပစ္စည်းပြန်သယ်ယူသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် (ဒီဇင်ဘာလ ၁၂ ရက်)နေ့တွင် စစ်ကောင်စီမှ ဒေါဥခူရပ်ကွက်သို့ ပစ္စည်းပြန်သယ်ခွင့် ပြုသောကြောင့် ဒေသခံများ ပစ္စည်းဝင်ယူကြရာ သက်ကြီး အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားကြောင်း မြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။ “ဟုတ်တယ်။မနေ့က မိုင်းနင်းမိလို့ အဖိုးကြီး သေသွားတယ်။ ပစ္စည်း ပြန်သယ်ကြတာ မိုင်းနင်းမိတာ။ ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းလည်းတော့ မသိဘူး။” ဟု အဆိုပါ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ အဆိုပါ သေဆုံးသွားသွားသည့် ပြည်သူတစ်ဦးသည် လွိုင်ကော်မြို့နှင့်အနီးရှိ ကျေးရွာဘုန်းကြီးကျောင်းတွင် စစ်ရှောင်နေပြီး စားနပ်ရိက္ခာအခက်ခဲ ရှိသည့်အတွက် ၎င်းနေထိုင်ရာ မြို့တွင်း သို့ […]
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သည့် အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုမှ ပြန်ပေးဆွဲသွားကြောင်း သတင်းရရှိသည်။ ယနေ့ ( ဒီဇင်ဘာလ ၁၃ ရက် ) မနက် ၆ နာရီဝန်းကျင် တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်၊ အမှတ် ၂ ကမ္ဘောဇဘဏ်အရှေ့တွင် ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်အမျိုးသား ၃ ဦးက ပြန်ပေးဆွဲသွားကြောင်း တာချီလိတ်မြို့ဒေသခံ အမျိုးသမီးတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့ ကမ္ဘာဇဘဏ်ရှေ့က ဆိုင်တွေများတယ်။ဒါမဲ့ မနက် ၆ နာရီလောက်ဆိုတော့ ဘယ်သူမှ ဆိုင်သိပ်မ ဖွင့်သေးဘူး။ အဲ့အဖွဲ့က ပြန်ပေးဆွဲခံရတဲ့အမျိုးသားကို ငွေလဲမယ်ပြောပြီး အိမ်ရှေ့မှာစောင့်ခိုင်းတာ ရောက်လာတာနဲ့ ဖမ်းခေါ်သွားတာ။”ဟု တာချီလိတ်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ထိုပြန်ပေးဆွဲသူများသည် […]
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ ရောက်ရှိလာသည့် စစ်ရှောင်အမျိုးသားတစ်ဦးသည် နေရပ်ပြန်ပြီး ခြံစဉ်နေစဉ် မြေမြုပ်မိုင်းနင်းမိကာ အပြင်းအထန် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၁ရက် နေ့လည် ၁၁နာရီတွင် ပင်လောင်းမြို့နယ် နောင်တရားမြို့သို့ စစ်ဘေးလာရှောင်သည့် အမျိုးသားသည် ၎င်း၏နေရပ်ဖြစ်သည် နောင်ဝိုးကျေးရွာပြန်သွားပြီး ခြံရှင်းနေစဉ် မြေမြုပ်မိုင်းနင်းမိကာ ပြင်းထန်ဒဏ်ရာရရှိကြောင်း အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “ အိမ်ပြန်သွားတဲ့ အမျိုးသားတစ်ယောက် သူ့အိမ်နောက်ဖေးက ခြံထဲမှာ သန့်ရှင်းရေးလုပ်ရင်းနဲ့ မြေမြုပ်မိုင်းနင်းမိတာ။ သူခြေထောက်ကတော့ တော်တော်လေးထိသွားတယ်။ အခု အောင်ပန်းစစ်ဆေးရုံကို ပဲ ချက်ချင်းပို့ပေးတယ်။”ဟု ၎င်းကပြောသည်။ ပင်လောင်းစစ်ရှောင် အဆိုပါ မိုင်းနင်းမိသူသည် အသက် ၅၀အရွယ်ရှိ အမျိုးသားဖြစ်ပြီး၊ ပြီးခဲ့သည့် အောက်တိုဘာလ တွင် စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ် […]
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို ယနေ့ (နိုဝင်ဘာ ၁) နံနက်တွင် စစ်လေယာဉ်က သုံးကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးသည်ဟု မြို့ခံများက ပြောကြသည်။ TNLA ကလည်း ထိုဖြစ်ရပ်အကြောင်း သတင်းထုတ်ပြန်ထားပြီး အရုဏ်တက်ချိန်တွင် စစ်လေယာဉ် ၂ စီးက ၂ ကြိမ်ခွဲ၍ မြို့ပေါ်ကို ဗုံးကြဲချခဲ့ခြင်း ဖြစ်သည်၊ ၅ နေရာထက် မနည်းတွင် ဗုံး ၈ လုံး ကြဲချခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။ မပေါက်ကွဲသေးသည့်ဗုံးတစ်လုံးလည်း ရှိသည်ဟု ဆိုသည်။ မြို့အဝင် အေးရှားဝေါလ်တိုးဂိတ်အနီးရှိ မူးယစ်ရုံး၊ ကိုဗစ်စင်တာတစ်ခု၊ မီးသတ်ရုံး၊ အမှတ် (၂) ရပ်ကွက်ရှိ အကောက်ခွန်ဌာနရုံး၊ EPC ရုံးတို့ ထိခိုက်ပျက်စီးခဲ့ကြောင်း မြို့ခံများနှင့် […]
Credit to Popular Journal – ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်)၊ အင်းစိန်-ညောင်တုန်းလမ်း၊ ဘီအိုစီမှတ်တိုင်အနီးတွင် ယနေ့ အောက်တိုဘာ(၂၉)ရက် နံနက်ပိုင်းက ယာဉ်တို-က်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး အသက်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ JAC HFC အမျိုးအစား ယာဉ်အား TOYOTA TOYOACE ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဝင်တို-က်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ယာဉ်တို-က်မှုကြောင့် TOYOTA TOYOACE ယာဉ်ပေါ်ပါ ကျား(၁)ဦး အသက်ဆုံးရှူံးခဲ့ကြောင်း သိရသည်။ ထို့ပြင် အမျိုးသား(၃)ဦး စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၂)ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လှိုင်သာယာ(အရှေ့ပိုင်းမြို့နယ်) မီးသတ်စခန်းမှ၊ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးခဲ့သလို ရွှေ့ဝင့်ဝါလူမှုကူညီရေးအသင်း၊ ခွန်အားသစ်လူမှုကူညီရေးအသင်းနှင့် သွေးဒါနမျိုးဆက် […]