ylliX - Online Advertising Network

မြန်မာနိုင်ငံတွင်း အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေက လွတ်လာသူ နိုင်ငံခြားသား ၃၉ ဦး ထိုင်းကယ်တင်

မြန်မာနိင်ငံနယ်စပ် မြဝတီခရိုင်က အွန်လိုင်းလိမ်လည်ဂိုဏ်းတွေကနေ ထိုင်းနိုင်ငံကို ထွက်ပြေး လွတ်မြောက်လာကြတဲ့နိုင်ငံခြားသား ၃၉ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်က ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြီးဆုံးတဲ့အခါ လွတ်မြောက်လာသူတွေကို သက်ဆိုင်ရာသံရုံးတွေကို လွှဲပြောင်းပေးမယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံ အွန်လိုင်းရာဇဝတ်ဂိုဏ်းကနေ ထိုင်းနိုင်ငံကို လွတ်မြောက်လာသူတွေ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။ ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံ မြ၀တီခရိုင်အတွင်းအခြေစိုက်ထားတဲ့ အွန်လိုင်းလိမ်လည်ဂိုဏ်းတွေ ကနေ ထွက်ပြေးလွတ်မြောက်လာကြတဲ့ နိုင်ငံခြားသား ၃၉ ဦးကိုကယ်ဆယ်နိုင်ခဲ့တယ်လို့ ထိုင်း နယ်ခြားစောင့်တပ်က ဒီကနေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ ရချမနူ နယ်ခြားစောင့်တပ်မှူး နက်ထကွန် ရီယမ်ထစ် (Colonel Natthakorn Rueantip, (Commander of the Rajamanu Task Force) က […]