Gas Terminal ဟု ခေါ်သည့် ဓာတ်ငွေ့ သိုလှောင်၊ ပြုပြင်၊ ဖြန့်ဖြူးမည့်နေရာတစ်ခု ပူးပေါင်းတည်ဆောက်ရန် စစ်ကောင်စီက နေပြည်တော်၊ ရခိုင်ပြည်နယ်တို့တွင် လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်ကုမ္ပဏီတစ်ခုကို ချဉ်းကပ်နေသည်။ တည်ဆောက်ရန်အတွက် တရုတ်အစိုးရ၏ အရှေ့တောင်အာရှ သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီ (South-East Asia Crude Oil Pipeline/Gas Pipeline) နှင့် ဒီဇင်ဘာ ၂၃ ရက်တွင် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ နောက်တစ်နေ့တွင် သတင်းထုတ်ပြန်ထားသည်။ မည့်သည့်နေရာတွင် တည်ဆောက်လိုကြောင်း သတင်းတွင် ဖော်ပြမထားပေ။ ထို LNG စီမံကိန်းသည် ရခိုင်ကမ်းလွန်မှ မဟာသဘာ၀ဓာတ်ငွေ့ လုပ်ကွက်တွင် အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု စွမ်းအင်ဝန်ကြီးဌာနနှင့် နီးစပ်သော Myanmar Now သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ မဟာသဘာဝဓာတ်ငွေ့လုပ်ကွက်သည် တရုတ်နိုင်ငံသို့ […]
မနေ့က ဒီဇင်ဘာ ၁၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မော်နင်က “မြန်မာမှာရှိနေတဲ့ တရုတ်ရဲ့ စီမံကိန်းများ၊ စီးပွားရေးလုပ်ငန်းများကို မထိခိုက်အောင်ကာကွယ်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ပြောထားတယ်လို့ ထုတ်ဖော်လိုက်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့ကြားမှာတော့ ပြတ်သားတဲ့ ရည်မှန်းချက်ထားရှိပြီးသားဖြစ်ပါတယ်။ အလိုမကျတိုင်းအာဏာသိမ်းတဲ့စစ်တပ်ကို အပြီးသတ်ဖယ်ရှားဖို့ သို့မဟုတ် နိုင်ငံရေးမှထွက်ခွါဖို့ တော်လှန်ရေးအင်အားစုတွေဘက်က ရည်မှန်းချက်ထားရှိပါတယ်။ စစ်ကောင်စီကလည်း ဖိနှိပ်ခံတော်လှန်ရေးအင်အားစုတွေအပေါ် နေ့စဉ်ဗုံးကြဲ အကြမ်းဖက်နေဆဲဖြစ်ပါတယ်။ တရုတ်ဘက်ကတော့ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးသဘောပေါက်နားလည်ဖို့လိုပြီး တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ လည်း စစ်ကောင်စီကိုပြောထားတယ်လို့ မော်နင်ကဆိုပါတယ်။ တရုတ်နှင့် ဆက်စပ်တဲ့ KIA နှင့် အေအေ တပ်တော်ကတော့ စစ်ကိုသာ အာရုံစိုက်နေကြပြီး KIA ဥက္ကဌဗိုလ်ချုပ်ကြီး အင်ဘန်လကတော့ တရုတ်ရဲ့ဖိတ်ခေါ်မှုကြောင့် တရုတ်ကိုရောက်ရှိနေပါပြီ။ လက်ရှိမှာလည်း KIA ကတော့ ဗန်းမော်မြို့တဝိုက်က စစ်ကောင်စီတပ်တွေကို ဆက်လက်ပိတ်ဆို့ […]
ကဘူးလ်၊ဒီဇင်ဘာ ၉ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး က လာမည့်သီတင်းပတ်များအတွင်း အာဖဂန်နိုင်ငံတစ်ဝန်းရှိ ပဋိပက္ခဒဏ်ခံခဲ့ရသော အာဖဂန်နိုင်ငံသား ၁၇၅,၀၀၀ ကျော်ကို တရုတ်နိုင်ငံက လှူဒါန်းသည့် ကယ်ဆယ်ရေးပစ္စည်းများကို ဖြန့်ဝေပေးသွားမည်ဟု တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။ UNHCR ၏အဆိုအရ အဆိုပါပစ္စည်းများတွင်မီးဖိုချောင်သုံးပစ္စည်းများ၊စောင်များ၊လောင်စာဆီထည့် (ဂျယ်ရီ) ဗူးများနှင့် ပလပ်စတစ်တာပေါ်လင်များပါဝင်ပြီး နိုင်ငံတစ်ဝန်းရှိ အိမ်ထောင်စု ၂၇,၅၀၀ ကျော် သို့မဟုတ် အာဖဂန်နစ္စတန်နိုင်ငံတစ်ဝှမ်းရှိ စစ်ဘေးသင့်ပြည်သူ ၁၇၅,၀၀၀ ကျော်ထံ ပေးအပ်ဖြန့်ဝေသွားမည်ဖြစ်သည်ဟုလည်းသိရသည်။ တရုတ်နိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ကြိုဆိုသည့်အနေဖြင့် အာဖဂန်ရှိ UNHCR ကိုယ်စားလှယ်က “တရုတ်ရဲ့ အရေးကြီးတဲ့ပံ့ပိုးကူညီမှုကြောင့် ကျွန်တော်တို့ UNHCR အနေနဲ့ ခက်ခဲတဲ့အချိန်မှာ ရုန်းကန်နေရတဲ့ ရွှေ့ပြောင်းဒုက္ခသည်မိသားစုတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်” ဟုဆိုခဲ့သည်။ တရုတ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်များကတည်းက အာဖဂန်နစ္စတန်ရှိ ဆင်းရဲနွမ်းပါးပြီး သဘာဝဘေးဒဏ်ခံခဲ့ရသော မိသားစုများထံ […]
Skip to content တရုတ် နဲ့ အမေရိကန် ရဲ့ နည်းပညာ စစ်ပွဲက အရှိန်အဟုန် မြင့်သထက်မြင့်လာပါပြီ။ အမေရိကန်က အဆင့်မြင့် Chip တွေ မထုတ်နိုင်အောင် တရုတ်ကို ပိုမို တင်းကြပ်လိုက်ပြီး နောက်တစ်နေ့မှာပဲ တရုတ်က Semiconductor ထုတ်လုပ်ရာမှာ သုံးတဲ့ အဓိက ဒြပ်ထု တချို့ကို အမေရိကန်ကို ရောင်းချခွင့် ပိတ်ပင်လိုက်ပါတယ်။ ပိတ်ပင်လိုက်တဲ့ ဒြပ်ထုတွေထဲမှာ Metals Gallium , Antimony နဲ့ Germanium တို့ ပါဝင်ပါတယ်။ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုင်ငံ လုံခြုံရေးအတွက် အခုလို ပိတ်ပင်တာလို့ ပြောပါတယ်။ Semiconductor ရဲ့ နောက်ထပ် အဓိက အစိတ်အပိုင်း တစ်ခု ဖြစ်တဲ့ […]
တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်ခဲ့တာကြောင့် တတိယကမ္ဘာစစ်စတင်လိုက်ပြီဖြစ်ပြီး ကမ္ဘာပျက်ပြီလို့ ဆိုကာ ဗွီဒီယိုတခု ယူကျူ့ချန်နယ်မှာ ပျံ့နှံ့မှုအား ကောင်းလျှက်ရှိတယ်။ သတင်းတု ဖြန့်ချိနေခြင်းသာဖြစ်တာတွေ့ရတယ်။ နိုဝင်ဘာ၂၃ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၅၀၀၀၀ ဝန်းကျင် ရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ ဓာတ်ပုံကိုအောက်မှာ ကြည့်ပါ။ “တတိယကမ္ဘာစစ်ကြီး ကြေညာပြီဗျို့ ကမ္ဘာပျက်ပြီ တရုတ်က အမေရိကန်ကို စပစ်နေပြီ မသေမချင်ရင် အမြန်ဆုံး နားထောင်သင့်တယ်” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာတွေအပါအဝင် ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက သတင်းဖော်ပြချက် မတွေ့ရပါဘူး။ တရုတ်က အမေရိကန်ကို စတင်ပစ်ခတ်တယ်ဆိုတဲ့ အထောက်အထားလည်းမရှိပါဘူး။ တကယ်တမ်းမှာ […]
(မိုးမခ) နိုဝင်ဘာ ၂၂ ၊ ၂၀၂၄ အင်အားကြီးအိမ်နီးချင်း တရုတ်နိုင်ငံဟာ ကမ္ဘာ့ဇာတ်ခုံမှာ အဓိကဇာတ်ဆောင်နေရာကို တဖြည်းဖြည်း ရောက်ရှိလာတယ်။ နှစ်သက် သဘောကျစရာ ဇာတ်ရုပ်နဲ့ ရွံရှာစက်ဆုပ်စရာ ဗီလိန်ဇာတ်ရုပ် တခုခုကို ရွေးချယ်ဖို့ အခွင့်အလမ်းလည်း သူ့မှာ ရှိပါတယ်။ စစ်အေးတိုက်ပွဲ ခေတ်ကာလတုန်းကလောက် သူတို့ ကိုင်စွဲထားတဲ့ အယူဝါဒဟာ မျက်မှောက်ကာလမှာ လူကြိုက် မများတော့သော်လည်း၊ ရရှိလာတဲ့ နိုင်ငံအနေအထားနဲ့ စျေးကွက်မြှင့်တင်ရေး ပြန်လုပ်နိုင်တဲ့ အနေအထားတဝိုက်ကို ပြန်ရောက်နေပြီလားလို့ တွေးဆနိုင်ပါတယ်။ ဒါပေမဲ့ စမတ်ဖြစ်တဲ့ အရောင်းသမားကောင်း ဖြစ်ဖို့တော့ လိုတယ်။ လွတ်လပ်တဲ့ တွေးခေါ်မှု အားကောင်းလာတဲ့ နွေဦးတော်လှန်ရေးဟာ ဘယ်အယူဝါဒ အမှတ်တံဆိပ်ကိုမှ တဖက်သတ်အမြင်နဲ့ ထိုးမချခဲ့ဘူး။ လုပ်ရပ်ကို ကြည့်ပြီးပဲ ဆုံးဖြတ်ပါတယ်။ တရုတ်နိုင်ငံ ကျင့်သုံးနေတဲ့ ဖီလော်ဆော်ဖီတွေအပေါ် […]
တိုင်းရင်းသား လက်နက်ကိုင်များ ထိမ်းချုပ်ထားသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များအား ဆက်လက် ပိတ်ထားပေးမည်ဟု တရုတ်ဘက်က စစ်ကောင်စီ လဝက ဝန်ကြီး ဦးမြင့်ကြိုင်ကို ကတိပေးလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်-မြန်မာ နယ်စပ်၊ တရုတ်ဘက်ခြမ်း ရွှေလီမြို့သို့ သွားရောက်သည့် စစ်ကောင်စီ လဝက ဝန်ကြီးကို တရုတ်ဘက်က အထက်ပါအတိုင်း ကတိပေးခဲ့ခြင်း ဖြစ်သည်။ ကိုးကန့်တပ် ထိန်းချုပ်ထားသည့် ချင်းရွှေဟော် အပါအဝင် စစ်ကောင်စီ ဆုံးရှုံးခဲ့သည့် နယ်စပ်ဂိတ်များ အဝင်အထွက် ပိတ်ထားကြောင်း၊ စစ်ကောင်စီနှင့်တရုတ်အစိုးရ ညှိနှိုင်းပြီး တည်ငြိမ်မှုရှိမှသာ ပြန်ဖွင့်လှစ်ပေးမည်ဟု ယူနန်ပြည်နယ် လူဝင်မှုစစ်ဆေးရေးဌာနမှူး၊ ရွှေလီလူဝင်မှုစစ်ဆေးရေးဌာနမှူး ကျန်းပင်းက ကတိပေးခဲ့သည်ဟု စစ်ကောင်စီက […]
မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ခေါင်းဆောင်ကို တရုတ်က ဖမ်းဆီးလိုက်ပြီး နောက် လားရှိုးမြို့က တရုတ်နိုင်ငံသား ရာနဲ့ချီကိုလည်း MNDAA က ဖမ်းဆီးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။ နိုဝင်ဘာ ၁၉ ရက်မှာ စတင်ဖြန့်ဝေခဲ့ပြီး လက်ရှိအချိန်အထိ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ “MNDAA ချက်ချင်းကလဲ့စား ချေလိုက်ပြီ ကိုးကန့်ခေါင်းဆောင် အဖမ်းခံရပြီးနောက် လာရှို့မြို့ပေါ်ရှိ တရုတ်နိုင်ငံသား ရာနဲ့ချီ MNDAA ဖမ်းဆီး” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် သတင်းခေါင်းစဉ်တုတပ်ကာ ဗွီဒီယိုပုံစံနဲ့ […]
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က သေဒဏ်ပေးလိုက် တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။ နိုဝင်ဘာ ၁၈ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၂ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၃၀၀၀ ကျော်ရရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ “မအလနဲ့တရုတ်က MNDAA ခေါင်းဆောင်ကြီး သေဒဏ် ဖုန်တာရွှင်ကို ဖမ်းဆီးပြီး သေဒဏ်ပေးလိုက်ပြီ နားထောင်ရင်း မျက်ရည််တောင်ကျတယ်ဗျာ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Channel”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတချို့ကို ခေါင်းစဉ်လွဲသို့မဟုတ် […]
မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ(EAOs)ကို တရုတ်က တောင်းပန်လိုက်ပြီး နယ်စပ်ဂိတ်တွေကိုလည်း ပြန်လည်ဖွင့်ပေးလိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျက်ရှိတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတခုဖြစ်တာတွေ့ရတယ်။ နိုဝင်ဘာ ၁၅ ရက်မှာ စတင်ဖြန့်ဝေခဲ့တဲ့ ဒီဗွီဒီယိုဟာ ၄ ရက်အတွင်း ကြည့်ရှု့မှုပေါင်း ၇၀၀၀၀ ကျော်ရရှိထားတယ်။ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုစခရင်ရှော့နဲ့ ဗွီဒီယိုထဲပါ စာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။ “မင်းအောင်လှိုင် ဘေးဖယ်ခံနေရပြီ EAOS တွေကို တရုတ်တောင်းပန်ပြီး နယ်စပ်ဂိတ်တွေ ပြန်ဖွင့်၊ စစ်ကောင်စီ ဒေါပွနေရပြီ” မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်မီဒီယာကို တုပထားတဲ့ ယူကျူ့ချန်နယ်တခုဖြစ်တာတွေ့ရပြီး ဒီချန်နယ်ဟာ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့ […]